Connect with us

NPC

တရုတ်နိုင်ငံက COVID-19 ကာကွယ်ဆေးများ၊ ဆေးဝါးများကို ကမ္ဘာနှင့် မျှဝေရန် ဆန္ဒရှိကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်ပြောကြား

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အား ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တတိယမြောက်အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် COVID-19 ရောဂါ ကာကွယ်ဆေးများ၊ ဆေးဝါးများနှင့် ရောဂါစမ်းသပ်ရေးပစ္စည်း သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ပွင့်ပွင့်လင်းလင်း လုပ်ဆောင်သွားရန်နှင့် ကမ္ဘာနှင့်အတူ ဆောင်ရွက်မှုများကို မျှဝေသွားရန် ဆန္ဒရှိကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က မေ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် လီသည် ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တတိယမြောက်အစည်းအဝေးအပြီး ပြည်တွင်း၊ ပြည်ပ သတင်းထောက်များနှင့် ဗီဒီယိုလင့်ခ်မှတစ်ဆင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အား ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တတိယမြောက်အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံက COVID-19 နှင့်ပတ်သက်၍ သိပ္ပံနည်းကျအခြေခံ၍ ပွင့်လင်း မြင်သာမှုရှိသော ချဉ်းကပ်မှုတစ်ခုကို ဆက်လက်ဖော်ဆောင်သွားမည်ဟု လီက ဆိုသည်။

ထို့ပြင် COVID-19 တိုက်ဖျက်ရေး၊ ကပ်ရောဂါဖြစ်ပွားမှုအပေါ် လူသားများအောင်မြင်မှု ရရှိစေရန် စီးပွားရေးပြန်လည်ထိန်းသိမ်းရေးများတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ အရေးပါပုံကို လီက သတင်းစာရှင်းလင်းပွဲ၌ အလေးထားပြောကြားခဲ့သည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117