Connect with us

NPC

တရုတ်နှင့် အမေရိကန် ဝေးကွာခြင်းသည် မည်သူ့အတွက်မှ အကျိုးအမြတ်မရှိဟု  တရုတ်နိုင်ငံ ဝန်ကြီးချုပ် ဆို

၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တတိယမြောက်အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည့် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၉ ရက် (ဆင်ဟွာ)

တရုတ်-အမေရိကန်  ဝေးကွာခြင်းသည် နှစ်ဖက်စလုံးအတွက် ကောင်းကျိုးရှိမည်မဟုတ်ကြောင်းနှင့် နှစ်နိုင်ငံက အဓိကစီးပွားရေးနိုင်ငံများဖြစ်နေပြီး နှစ်နိုင်ငံ ဆက်ဆံရေးက အရေးပါသဖြင့် ကမ္ဘာကြီးကို ထိခိုက်စေနိုင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က မေ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်-အမေရိကန် ဆက်ဆံရေးတွင် ပြဿနာနှင့်စိန်ခေါ်မှုအသစ်တချို့ ကြုံတွေ့နေရသည်မှာ အမှန်ပင်ဖြစ်ကြောင်း အမျိုးသား ဥပဒေပြုနှစ်ပတ်လည် အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် လီကပြောခဲ့သည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်၏ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်နေသော သတင်းထောက်များအား တွေ့ရစဉ် (ဆင်ဟွာ)

ကုသမဂ္ဂ လုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အတွက် နိုင်ငံကြီးနှစ်ခုလုံးသည် သမားရိုးကျနှင့် သမားရိုကျမဟုတ် မဟုတ်သည့်စိန်ခေါ်မှုနှစ်မျိုးစလုံးကို ကိုင်တွယ်ဖြေရှင်းရာတွင် အတူတကွ လုပ်ဆောင်နိုင်သော၊ လုပ်ဆောင်သင့်သောနေရာများစွာရှိကြောင်း ၎င်းကဆိုသည်။

နှစ်နိုင်ငံအကြား စီးပွားရေး ၊ကုန်သွယ်ရေး ၊သိပ္ပံပညာ၊ နည်းပညာ၊ ယဉ်ကျေးမှု နှင်အခြားသောနယ်ပယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် အပြန်အလှန် ဖလှယ်မှုများရှိကြောင်း ၎င်းကဆိုသည်။ “တရုတ်နှင့် အမေရိကန်အကြား နှစ်ဖက်လုံးအတွက် ကျယ်ပြန့်တဲ့ ဘုံအကျိုးကျေးဇူးရှိတယ်လို့ဆိုရင်လည်းသင့်တော်မျှတပါတယ်” ဟု လီက ပြောခဲ့သည်။

နှစ်နိုင်ငံစလုံးသည် ထိပ်တိုက်တွေ့ဆုံခြင်းများမှ ဆုံးရှုံးမှုရှိနိုင်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကျိုးကျေးဇူးရရှိနိုင်ပါသည်။ တရုတ်-အမေရိကန်   ဆက်ဆံရေး မှန်ကန်မှုသည် နှစ်နိုင်ငံပြည်သူများနှင့် ကမ္ဘာကြီးတစ်ခုလုံး၏ အကျိုးစီးပွားဖြစ်သည်ဟု တရုတ်ဝန်ကြီးချုပ်က ဆိုသည်။ “ဒါကြောင့် (နှစ်နိုင်ငံ ဆက်ဆံရေးမှာ) ပြဿနာတချို့က နိုင်ငံတကာအသိုင်းအဝိုင်းမှာ စိုးရိမ်ပူပန်မှုတွေကို ဖြစ်စေပါတယ်” ဟု လီက ပြောခဲ့သည်။ 

“ကျွန်တော်တို့ နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ရရှိထားတဲ့ သဘောတူညီချက်ကို လိုက်နာဖို့ အတူတကွ ဆက်လက်ဆောင်ရွက်သင့်ပြီး ညှိနှိုင်းဆောင်ရွက်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ တည်ငြိမ်မှုတွေကို အခြေခံပြီး တရုတ်-အမေရိကန်ဆက်ဆံရေးကို မြှင့်တင်ဖို့ ပူးပေါင်းလုပ်ဆောင်သင့်တယ်” ဟု ဝန်ကြီးချုပ် လီက ပြောကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.