Connect with us

NPC

တရုတ်နိုင်ငံက “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” ကို အပြည့်အဝ တိတိကျကျ အကောင်အထည်ဖော်လျက်ရှိကြောင်း ဝန်ကြီးချုပ် ပြော

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် တတိယမြောက် အစည်းအဝေးပြီးနောက် မေ ၂၈ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဗဟိုအစိုးရအနေဖြင့် “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး”ကို အပြည့်အဝ တိတိကျကျ အကောင်အထည်ဖော်လျက်ရှိသည်ဟု ဝန်ကြီးချုပ် လီခဲ့ချန်က မေ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

လီသည် တရုတ်နိုင်ငံ၏ ထိပ်တန်း ဥပဒေပြုနှစ်ပတ်လည်အစည်းအဝေးတွင် သဘောတူခဲ့သော ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသဆိုင်ရာ အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းခြင်း ဆုံးဖြတ်ချက်အပေါ် မီဒီယာ၏ မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

လီက “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” သည် တရုတ်နိုင်ငံ၏ အခြေခံမူဝါဒဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပြီး ဗဟိုအစိုးရအနေဖြင့် “တစ်နိုင်ငံ၊ စနစ်နှစ်ခု” ၊ “ဟောင်ကောင်ပြည်သူများ အုပ်ချုပ်သော ဟောင်ကောင်” နှင့် အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို အပြည့်အဝ တိတိကျကျ တောက်လျှောက်အကောင်အထည်ဖော်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) ၏ အခြေခံဥပဒေအတိုင်း အတိအကျ ဆောင်ရွက်ခဲ့ကြောင်းနှင့် ဟောင်ကောင်အုပ်ချုပ်ရေးမှူးနှင့် HKSAR အစိုးရတို့အား ဥပဒေအရ အုပ်ချုပ်ရာတွင် ထောက်ခံခဲ့ကြောင်း ပြောကြားခဲ့သည်။ 

အဆိုပါ ဆုံးဖြတ်ချက်သည် “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” နှင့် ဟောင်ကောင်၏ ရေရှည် သာယာဝပြောမှုနှင့် တည်ငြိမ်မှုကို မြဲမြံစွာ အကောင်အထည်ဖော်ရေးအတွက် ပုံစံသတ်မှတ်ထားခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ် လီက နှစ်ပတ်လည်အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117