ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနေဖြင့် တံခါးဖွင့်မှုများကို ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်းဝန်ကြီးချုပ်လီခဲ့ချန်က ယနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ (Xinhua)
ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံပေကျင်းမြို့တွင် ယနေ့ မေ ၂၈ ရက် ၌ ကျင်းပပြီးစီးခဲ့သည့် ထိပ်သီးအစည်းအဝေးများအပြီး ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က တရုတ်နိုင်ငံနှင့်အမေရိကန်နိုင်ငံအနေဖြင့် ခွါပြဲနေပါက မည်သူ့အတွက်မှ အကျိုးရှိနိုင်မည်မဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
ပေကျင်း၊ မေ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပေကျင်းမြို့၌ ကျင်းပလျက်ရှိသည့် အမျိုးသားဥပဒေပြုရေးဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးသည် ယနေ့ မေ ၂၈ ရက်တွင် ပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်းသိရသည်။ ယခု video သည် အစည်းအဝေး ပြီးဆုံးသည့်အခမ်းအနားအား ရိုက်ကူးထားသည့်ရုပ်သံဖိုင်ဖြစ်ပါသည်။(Xinhua)
ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် နိုင်ငံ၏ ပြည်တွင်းရေးကို ကိုင်တွယ်ရန် ဉာဏ်ပညာနှင့် စွမ်းရည်ရှိကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က မေ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် COVID-19 ရောဂါ ကာကွယ်ဆေးများ၊ ဆေးဝါးများနှင့် ရောဂါစမ်းသပ်ရေးပစ္စည်း သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ပွင့်ပွင့်လင်းလင်း လုပ်ဆောင်သွားရန်နှင့် ကမ္ဘာနှင့်အတူ ဆောင်ရွက်မှုများကို မျှဝေသွားရန် ဆန္ဒရှိကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က မေ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးတိုးတက်မှု မြှင့်တင်ရာတွင် ကြီးမားသောလှုံ့ဆော်မှုကို လုပ်ဆောင်မည့်အစား ရည်မှန်းထားသော ဆောင်ရွက်ချက်များကို ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က မေ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုလွှတ်တော်ဖြစ်သည့် ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တတိယမြောက်နှစ်ပတ်လည်အစည်းအဝေး ပိတ်ပွဲအခမ်းအနားကို ယနေ့ (မေ ၂၈ ရက်)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ မေ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဥပဒေပြု ကိုယ်စားလှယ်များက ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေး ဥပဒေပြဌာန်းချက် ဆုံးဖြတ်ချက်မူကြမ်းတစ်ခုအပေါ် တရုတ်နိုင်ငံဥပဒေပြုကိုယ်စားလှယ်များက အလေးအနက်ထား သဘောတူညီခဲ့ကြပြီး ယင်းဥပဒေကြမ်းသည် နိုင်ငံ၏ အချုပ်အခြာအာဏာ ၊ လုံခြုံရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများ အပြင် ဟောင်ကောင်၏ ရေရှည်ကြွယ်ဝမှု...
ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ) ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တတိယမြောက် အစည်းအဝေး၏ ဦးဆောင်အဖွဲ့သည် တတိယအကြိမ်အစည်းအဝေးကို မေ ၂၇ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ မေ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ COVID-19 တုံ့ပြန်ရေးလုပ်ဆောင်ချက်များအပေါ် ထိခိုက်ပျက်ပြားစေရန် မမှန်မကန် တရားစွဲမှုများ လုပ်ဆောင်ခြင်းခံခဲ့ရပြီးနောက် တရုတ်နိုင်ငံဥပဒေပြုကိုယ်စားလှယ်များက ပြည်ပနိုင်ငံများဆိုင်ရာ ကင်းလွတ်ခွင့် ဥပဒေတစ်ရပ်ကို ပြဌာန်းသွားရန် အဆိုပြုခဲ့ကြသည်။