Videos
တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲတွင် နိုင်ငံတကာအဖွဲ့အစည်းများပါဝင်ပြသမည်
ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲသည် တရုတ်နိုင်ငံမှ ဦးဆောင်ကျင်းပပြီး အခြားနိုင်ငံများနှင့်နိုင်ငံတကာ အဖွဲ့အစည်းများအတူပါဝင်ကြသည့်ပွဲဖြစ်သောကြောင့် တရုတ်နိုင်ငံတစ်နိုင်ငံတည်း၏ကုန်စည်ပြပွဲ မဟုတ်ဘဲ နိုင်ငံအသီးသီးပါဝင်ကြသည့် ကုန်စည်ပြပွဲကြီးဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးကျုံးစန်းက မတ်လ ၁၁ ရက်တွင် ကျင်းပသော ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် ပထမအကြိမ်ဆွေးနွေးပွဲ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
၎င်းကုန်စည်ပြပွဲကို နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ ရှန်ဟိုင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ၊ ယခုနှစ်မှစ၍ နှစ်စဉ်ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ယခုလက်ရှိ နာမည်စာရင်းပေးသွင်း ထားသောနိုင်ငံမှာ ဖိတ်ကြားရန် ကြိုတင်ခန့်မှန်းထား သည့် နိုင်ငံ ၆၀ ကျော်နေပြီဖြစ်ကြောင်း ၊ ကုန်သွယ်ရေး လုပ်ငန်းရှင်ပြပွဲတွင် ကုန်ပစ္စည်းဝန်ဆောင်မှုများ ခင်းကျင်းပြသ ထားမည်ဖြစ်ရာ ယခုလက်ရှိ နိုင်ငံနှင့်ဒေသပေါင်း ၁၂၀ ကျော်မှ လုပ်ငန်းရှင်များ အမည်စာရင်း ပေးသွင်းထားပြီဖြစ်ကြောင်း၊ ကုန်စည်ပြပွဲကျင်းပသည့်အခါတွင် ပြပွဲသို့ ကုန်ပစ္စည်းလာရောက်ဝယ်ယူသူ ပြည်တွင်းပြည်ပနိုင်ငံတကာ ကုန်သည် အယောက် ၁ သိန်း ၅သောင်း လာရောက်နိုင်ဖွယ်ရှိကြောင်း ဆိုသည်။
ထို့အပြင် ၎င်းက ယခုလိုကုန်စည်ပြပွဲကျင်းပခြင်းသည် တရုတ် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်အရ ဖြစ်သလို ၊ကမ္ဘာ့ကုန်သွယ်ရေး ဖွံ့ဖြိုးမှုလိုအပ်ချက်အရ ကုန်သွယ်ရေး ပလက်ဖောင်း တည်ဆောက်ရခြင်း ဖြစ်ကြောင်း၊ လူသားတို့၏ကံကြမ္မာတူအကျိုးတူဖြစ်လာစေရန် တံခါးဖွင့်စီးပွား ပိုမို တိုးတက်လာစေရန် ယခုလို ကုန်စည်ပြပွဲကြီး ကျင်းပရခြင်းဖြစ်ကြောင်း ဆိုပါသည်။(Xinhua)