Connect with us

Media

တရုတ်နိုင်ငံက ၂၀၂၃ ခုနှစ်၏ အဓိကရည်မှန်းချက်များပြီးမြောက်အောင်မြင်

ပေကျင်း၊ မတ် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ပြည်တွင်း၊ ပြည်ပမှ အခက်အခဲနှင့် စိန်ခေါ်မှုမြောက်မြားစွာရှိနေသည့်ကြားမှ ၂၀၂၃ ခုနှစ်၏ အဓိက စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များနှင့် တာဝန်များ ပြီးမြောက်အောင်မြင်ခဲ့ကြောင်း ဥပဒေပြုလွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်ရန် မတ် ၅ ရက်တွင် တင်သွင်းသော အစိုးရအဖွဲ့လုပ်ငန်းအစီရင်ခံစာအရ သိရသည်။

တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ်လုပ်မှုတန်ဖိုးသည် ယမန်နှစ်က ၅.၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ပြီး တရုတ်နိုင်ငံက ကမ္ဘာ့ အဓိကစီးပွားရေး တိုးတက်မှုအရှိဆုံးနိုင်ငံများအကြား ပါဝင်လာခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။
ထို့ပြင် တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း မြို့ပြအလုပ်အကိုင်ပေါင်း ၁၂.၄၄ သန်း ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ မြို့ပြနေထိုင်သူ အလုပ်လက်မဲ့နှုန်းမှာ ပျမ်းမျှ ၅.၂ ရာခိုင်နှုန်း ရှိကြောင်း အစီရင်စာ၌ ဖော်ပြထားသည်။ (Xinhua)

………………………………
(English Version)
China accomplishes major targets of 2023
BEIJING, March 5 (Xinhua) — China has accomplished its major economic and social development targets and tasks of 2023, despite multiple difficulties and challenges from home and abroad, according to a government work report submitted Tuesday to the national legislature for deliberation.
China’s gross domestic product expanded 5.2 percent last year, ranking China among the fastest-growing major economies in the world, according to the report.
The country created 12.44 million urban jobs in 2023, with the average surveyed urban unemployment rate at 5.2 percent. The consumer price index rose 0.2 percent, and a basic equilibrium was maintained in the balance of payments, the report said.