Connect with us

Media

မသေချာမရေရာသောကမ္ဘာကို တရုတ်နိုင်ငံ၏ သေချာမှုဖြင့် တည်ငြိမ်စေမည်ဟု ဝမ်ရိ ပြောကြား

ပေကျင်း၊ မတ် ၇ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၇ ရက်တွင် အစည်းအဝေးကြီးနှစ်ရပ် သတင်းစာရှင်းလင်းပွဲ၌ ကမ္ဘာအတွက် တရုတ်သံတမန်ရေး၏အခန်းကဏ္ဍကို ဆွေးနွေးခဲ့သည်။

ဝမ်ရိက ယနေ့ကမ္ဘာကြီးသည် ပြောင်းလဲရှုပ်ထွေးနေပြီး သေချာမှုသည် နေ့နှင့်အမျှ ကမ္ဘာ့ရှားပါး အရင်းအမြစ်ဖြစ်လာကြောင်း၊ နိုင်ငံအသီးသီး အထူးသဖြင့် နိုင်ငံကြီးများက မည်သို့ ရွေးချယ်ဆုံးဖြတ်ခြင်းသည် ခေတ်၏ ဦးတည်ချက်ကို အဆုံးအဖြတ်ပေးပြီး ကမ္ဘာ့အခင်းအကျင်းအပေါ် သက်ရာက်မှုရှိမည်ဖြစ်ကြောင်း၊ တရုတ်သံတမန်ရေးသည် သမိုင်း၏ မှန်ကန်သောဘက်တွင် ခိုင်မာမြဲမြံစွာ ရပ်တည်သွားမည်ဖြစ်သလို လူသားမျိုးနွယ် တိုးတက်ရေးဘက်တွင် ရပ်တည်၍ တရုတ်နိုင်ငံ၏ သေချာမှုဖြင့် မသေချာမရေရာသောကမ္ဘာကို တည်ငြိမ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117