Videos
တရုတ်နိုင်ငံက တစ်ကမ္ဘာလုံးအတွက် စီးပွားရေးတံခါးဖွင့်ထားမည်ဖြစ်ကြောင်းလီခဲ့ချန်ဆို

ပေကျင်း၊ မတ် ၂ဝ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က တရုတ်နိုင်ငံအနေဖြင့် တစ်ကမ္ဘာလုံးအတွက် စီးပွားရေးတံခါးဖွင့်လှစ် ထားမည် ဖြစ်ကြောင်း၊ ပို့ကုန်သွင်းကုန်ကဏ္ဍတို့တွင် အခွန်အခများကိုလည်း လျှော့ချပေးသွားရန်ရှိကြောင်း၊ အစိုးရအနေဖြင့်ထုတ်လုပ်ရေးကဏ္ဍတွင်လည်း အပြည့်အဝထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ဈေးကွက်စီးပွားရေးကဏ္ဍကိုလည်းပိုမိုကျယ်ပြန့်စေရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ ကမ္ဘာ့စီးပွားရေး အခန်းကဏ္ဍတွင် သဟဇာတဖြစ်စေရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။(Xinhua)