Connect with us

Videos

တရုတ်နိုင်ငံက အမေရိကန်နိုင်ငံ၏နေရာကို အစားထိုးရယူရန်ရည်ရွယ်ချက်မရှိ

ပေကျင်း ၊ မတ် ၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က မတ်လ ၈ ရက်နေ့၌ ကျင်းပပြုလုပ်သည့် ၁၃ကြိမ်မြောက် NPC ပထမအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ ဆက်ဆံရေးနှင့်ပတ်သက်၍ပြောကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် မိမိတို့ ရွေးချယ်သည့် လမ်းကြောင်းအတိုင်းသာ ဆက်လက်လျှောက်လှမ်းမည်ဟု ဆုံးဖြတ်ချက်ချမှတ်ထားပါကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံဖြိုးတိုးတက်မှု နှင့် အဆင့်မြှင့်တင်ရေးလုပ်ငန်းစဉ်များအား ရပ်တန့်နိုင်မည်မဟုတ်ကြောင်း၊ ၎င်းမှာ နိုင်ငံတကာအသိုင်းအဝိုင်းတွင် လိပ်ပြာသန့်သန့်ဖြစ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အချို့က အမေရိကန်နိုင်ငံက တရုတ်နိုင်ငံအား ဗျူဟာပိုင်းဆိုင်ရာတွင် ပြိုင်ဘက်အနေဖြင့်သဘောထားသည်ဟု ယူဆကြပါကြောင်း တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် အမေရိကန်၏ နေရာကို အစားထိုးမည်ဟု ကောက်ချက်ချထားပါကြောင်း၊ ၎င်းမှာ လုံးဝမှားယွင်းသည့်အချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးကိုသာဦးစားပေးပြီး နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့်ကိစ္စများကိုသာ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အမေရိကန်နိုင်ငံ၏နေရာကို အစားထိုးရယူရန်ရည်ရွယ်ချက်မရှိသကဲ့သို့ ထိုသို့ ပြုလုပ်ရန်လည်းလုံးဝမလိုအပ်ကြောင်း တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.