Africa & Middle East
ဂိုလန်ကုန်းမြင့် နှင့် ပတ်သက်၍ အမေရိကန် ၏ ဆုံးဖြတ်ချက်အား ပိုလန်ကန့်ကွက်

ဝါဆော၊ မတ် ၂၈ ရက် (ဆင်ဟွာ)
ဂိုလန်ကုန်းမြင့်ဒေသ အငြင်းပွားမှုအရေးတွင် အစ္စရေးနိုင်ငံ၏ အချုပ်အခြာအာဏာကို အသိအမှတ်ပြုခဲ့သည့် အမေရိကန် ၏ ဆုံးဖြတ်ချက် အား ပိုလန်နိုင်ငံ က အခြားသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ နှင့်အတူ ဝေဖန်ခဲ့ကြောင်းသိရသည်။
၁၉၆၇ခုနှစ်တွင် ဆီးရီးယားထံမှ အစ္စရေးတိုက်ခိုက်သိမ်းယူခဲ့ပြီး၊ ၁၉၈၇ ခုနှစ်တွင် နယ်မြေတိုးချဲ့ခဲ့သော ဂိုလန်ကုန်းမြင့်ဒေသ ကို အသိအမှတ်ပြုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် (Donald Trump) က မတ်လ ၂၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ပြီးနောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဥရောပသမဂ္ဂ နိုင်ငံများဖြစ်သော ဘယ်လ်ဂျီယံ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ နှင့် ပိုလန်နိုင်ငံတို့ က မတ်လ ၂၇ ရက်နေ့ အစောပိုင်းတွင် ပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
“ကျွန်တော်တို့ အနေနဲ့ ဂိုလန်ကုန်းမြင့်အပါအဝင် ၁၉၆၇ ခုနှစ် မှာ အစ္စရေးက သိမ်းယူခဲ့တဲ့ နယ်မြေနဲ့ အချုပ်အချာအာဏာကို အစ္စရေးနိုင်ငံပိုင်အဖြစ် အသိအမှတ်မပြုပါ။ ဒီအစိတ်အပိုင်းက အစ္စရေးနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခု လို့ မယူဆပါဘူး’’ ဟု ဘယ်လ်ဂျီယံ နိုင်ငံသံအမတ်ကြီး UN Marc Pecsteen de Buytswerveက ဥရောပသမဂ္ဂ ၅ နိုင်ငံကိုယ်စား ကုလသမဂ္ဂ၌ မီဒီယာကိုပြောကြားခဲ့သည်။အစ္စရေးနိုင်ငံသည် ၁၉၆၇ခုနှစ် တွင် ၆ ရက် ကြာတိုက်ပွဲကာလအတွင်း ဆီးရီးယားထံမှ ဂိုလန်ကုန်းမြင့် ကို သိမ်းပိုက်ခဲ့ကြောင်း သိရသည်။၁၉၈၁ ခုနှစ်တွင် အစ္စရေးက နယ်မြေများကို ၎င်းပိုင်အဖြစ်သိမ်းယူခဲ့ သော်လည်း ၎င်းသိမ်းယူမှုအား နိုင်ငံတကာအသိုင်းအဝန်း မှ အသိအမှတ်မပြုခဲ့ကြောင်း သိရသည်။ (Xinua)