Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံ အလက်ပိုပြည်နယ်အား အစ္စရေးမှ လေကြောင်းဖြင့် တိုက်ခိုက်မှုကို ဆီးရီးယား လေကြောင်းကာကွယ်ရေးစနစ်များက ကာကွယ်နိုင်ခဲ့

ဆီးရီးယားနိုင်ငံ တွင် ယခင်ကဖြစ်ပွားခဲ့သည့် လေကြောင်းတိုက်ခိုက်မှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကပ်စ်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အလက်ပိုပြည်နယ်အား မတ် ၂၇ ရက် ညသန်းခေါင်တွင် အစ္စရေးနိုင်ငံမှ လေကြောင်းဖြင့် တိုက်ခိုက်မှုကို ဆီးရီးယားလေကြောင်းကာကွယ်ရေးစနစ်များက ပြန်လည်တုံ့ပြန်ခဲ့ပြီး ဒုံးကျည်များ ၎င်းတို့၏ ပစ်မှတ်သို့ မရောက်ခင် ကြားဖြတ်တားဆီးနိုင်ခဲ့ကြောင်း နိုင်ငံပိုင် SANA သတင်းဌာနက ဖော်ပြခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုများသည် အလက်ပိုပြည်နယ် အရှေ့မြောက်ပိုင်း Sheikh Najjar ဧရိယာကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်မှ ထုတ်ပြန်ချက်တစ်ချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများသာ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် ဆီးရီးယားဆိုင်ရာ လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အလက်ပိုအပြည်ပြည်ဆိုင်ရာလေဆိပ် နှင့် Sheikh Najjar ဇုန်ကြားရှိ ဆီးရီးယား စစ်တပ် နှင့် ၎င်းတို့၏ မဟာမိတ်များ၏ လက်နက်တိုက်များတွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံသည် ဆီးရီးယားနိုင်ငံ မြို့တော်ဒမတ်စကပ်စ်မြို့ ရှိ လက်နက်တိုက်များကို အီရန်ကျောထောက်နောက်ခံပေးထားသည့် စစ်သွေးကြွများက ပိုင်ဆိုင်သည်ဟူသော အကြောင်းပြချက်ဖြင့် မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117