Africa & Middle East
ဆော်ဒီသတင်းထောက် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဆော်ဒီသို့ရောက်ရှိ

ရီယာ့ဒ်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo သည် ဆော်ဒီသတင်းထောက်ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဆော်ဒီအာဏာပိုင်များ နှင့် ဆွေးနွေးပြောဆိုရန် ဆော်ဒီအာရေဗျနိုင်ငံသို့ အောက်တိုဘာ ၁၆ ရက်တွင် တရားဝင်ခရီးစဉ်ရောက်ရှိလာခဲ့ကြောင်း Al Arabiya ပြည်တွင်းသတင်းက ဖော်ပြခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ Pompeo သည် ဆော်ဒီခရီးစဉ် အပြီး တူရကီနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
Pompeo သည် တူရကီနိုင်ငံ ရှိ ဆော်ဒီသံရုံးတွင် အောက်တိုဘာ ၂ရက်ကတည်းက ပျောက်ဆုံးနေခဲ့သည့် ဆော်ဒီနိုင်ငံသားသတင်းထောက် Jamal Khashoggi ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဟု ခန့်မှန်းရသည်။
ဆော်ဒီနိုင်ငံအား အဖျက်သဘောဆောင်သည့် ဝေဖန်ရေးသားမှုများပြုလုပ်ခဲ့သော ယင်းသတင်းထောက် အနေဖြင့် အသတ်ခံရကြောင်း (သို့) အဖမ်းခံရကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ဆော်ဒီဘက်က ယင်းသတင်းသည် အခြေအမြစ်မရှိကြောင်း ငြင်းဆိုထားသည်။ (Xinhua)