Connect with us

Africa & Middle East

လက်ဘနွန် တောင်ပိုင်းရှိ ဒုက္ခသည်စခန်းတွင် တိုက်ခိုက်မှုကြောင့် လူ ၁၅ဦး ဒဏ်ရာရရှိ

လက်ဘနွန်နိုင်ငံတောင်ပိုင်း ရှိ Mieh Mieh ဒုက္ခသည်စခန်း တိုက်ပွဲများဖြစ်ပွားနေစဉ် (ဓါတ်ပုံ-အင်တာနက်)

လက်ဘနွန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံတောင်ပိုင်း ရှိ Mieh Mieh ဒုက္ခသည်စခန်း တွင် ဖာတာအုပ်စု နှင့် ဟူသီအုပ်စု တို့ အကြားခိုက်ရန်ဖြစ်ပွားရာ ယင်း အုပ်စု နှစ်ခုမှ လူ ၁၅ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာက အောက်တိုဘာ ၁၅ရက်က ဖော်ပြခဲ့သည်။

Elnashra အွန်လိုင်းသတင်းစာက ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ပွားပြီး ဒုံးကျည်ပစ်ခတ်မှုများထွက်ပေါ်ခဲ့ကြောင်း ဖောြ်ပခဲ့သည်။

ထုတ်ပြန်ချက်၌ ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

Mieh Mieh ဒုက္ခသည်စခန်း သည် လက်ဘနွန်နိုင်ငံရှိ ပါလက်စတိုင်းတို့၏ဒုက္ခသည်စခန်းတစ်ခု ဖြစ်ပြီး Sidon မြို့ အရှေ့ဘက် ၄ကီလိုမီတာအကွာ Mieh Mieh ရွာ၏ အစွန်အဖျားတွင် တည်ရှိကြောင်း သိရသည်။

အဆိုပါ စခန်း၌ ဒုက္ခသည်များအချင်းချင်းတင်းမာမှုများသည် လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

လက်ဘနွန်နိုင်ငံရှိ UNRWA တွင် ဒုက္ခသည် ၄၅၀,၀၀၀ဦး မှတ်ပုံတင်ထားပြီး အများစုမှာ နိုင်ငံ၏ ဒုက္ခသည် စခန်း ၁၂ခုတွင် နေထိုင်ကြကြောင်း သိရသည်။

ပါလက်စတိုင်းဒုက္ခသည်ဦးရေသည် လက်ဘနွန်နိုင်ငံ လူဦးရေ၏ ၁၀ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.