Africa & Middle East
ပါလက်စတိုင်းတို့၏ ရုပ်အလောင်းများအား ထိန်းသိမ်းထားသည့် အစ္စရေးအပေါ် အာရပ်အဖွဲ့ချုပ် ပြစ်တင်ရှုတ်ချ
ကိုင်ရို၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)
အာရပ်အဖွဲ့ချုပ် (AL) က ကြာလရှည်ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း အစ္စရေးတပ်ဖွဲ့ဝင်များကြောင့် သေဆုံးခဲ့သည့် ပါလက်စတိုင်းတို့၏ ရုပ်အလောင်းများအား ထိန်းသိမ်းထားသော အစ္စရေးနိုင်ငံ အပေါ် သြဂုတ် ၁၄ ရက် က ပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရသည်။
ပါလက်စတိုင်းနိုင်ငံသားများ အပေါ် အစ္စရေးနိုင်ငံက အကြမ်းဖက်လုပ်ဆောင်မှုများ နှင့် ပတ်သက်၍ အာရပ်အဖွဲ့ချုပ် ၏ အစီရင်ခံစာ တစ်စောင်၌ အစ္စရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့သည့် ပါလက်စတိုင်းတို့၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားဆဲဖြစ်ကြောင်း၊ ၁၉၆၀ပြည့်လွန်နှစ်များ မှ စ၍ ပါလက်စတိုင်းနိုင်ငံသား ၂၄၉ဦး၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းခဲ့ပြီး သေဆုံးသူများ၏ မိသားစုများထံ ရုပ်အလောင်းများ ပြန်လည်ပေးပို့ရန် အစ္စရေးဘက်က ငြင်းဆန်နေဆဲဖြစ်ကြောင်း နှင့် အစ္စရေး၏ အပြုအမူသည် ပြစ်မှုနှင့် မသက်ဆိုင်သူများကိုပါ ထိခိုက်စေသည့် လုပ်ဆောင်မှုတစ်ခုအဖြစ် သတ်မှတ်နိုင်ကြောင်း ဖော်ပြခဲ့သည်။
အစီရင်ခံစာ၌ အစ္စရေးအာဏာပိုင်များသည် သေဆုံးသူ ပါလက်စတိုင်းတို့၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများကိုပင် ခိုးယူးခဲ့ကြကြောင်း ဖော်ပြခဲ့သည်။
ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခသည် ပါလက်စတိုင်းတို့၏ ပိုင်နက်များအား အစ္စရေးတို့ ရယူခဲ့ပြီး ၁၉၄၈ခုနှစ်တွင် အနောက်တိုင်း၏ အားပေးထောက်ခံမှုဖြင့် အစ္စရေးနိုင်ငံတော် တည်ထောင်ခဲ့ပြီးနောက်ပိုင်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ (Xinhua)