Connect with us

Africa & Middle East

နိုင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်း တွင် အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားရာ လူပေါင်း ၂၇ ဦး သေဆုံး

နိုင်ဂျီးရီးယား နိုင်ငံ ရှိ ဒုက္ခသည် စခန်း တစ်ခု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အာဘူဂျာ ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယား နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ သြဂုတ်လ ၁၅ ရက်နေ့၌ နိုင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်း Borno ပြည်နယ် ရှိ စိုက်ပျိုးရေးထွက်ကုန် ကုန်သွယ်ရေးဈေး တစ်ခုတွင် အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား ခဲ့သဖြင့် လူပေါင်း ၂၇ ဦး သေဆုံးခဲ့ရကြောင်း သိရှိခဲ့ရသည်။

သတင်းဖော်ပြချက်အရ အမျိုးသမီး တစ်ဦး သည် Borno ပြည်နယ် မြို့တော် နှင့် ၃၅ ကီလိုမီတာ အကွာအဝေးရှိ စိုက်ပျိုးရေး ထွက်ကုန် ကုန်သွယ်ရေးဈေး တစ်ခု တွင် မိမိ ကိုယ်ပေါ်တွင် တပ်ဆင် ထားသည့် ပေါက်ကွဲစေနိုင်သော ပစ္စည်းများကို ဖောက်ခွဲခဲ့သဖြင့် လူပေါင်း ၂၇ ဦး သေဆုံး ခဲ့ကြောင်း သိရှိခဲ့ရသည်။

ယင်းအသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားသည့် နေ့တွင် အခြား အသေခံ ဗုံးခွဲ တိုက်ခိုက်မှု နှစ်ခု လည်း အခင်းဖြစ်ပွားရာ အနီးရှိ ဒုက္ခသည် စခန်းတွင် ဖြစ်ပွားခဲ့ရာ လူအများ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

Borno ပြည်နယ် ရှိ စစ်ဘက်ဆိုင်ရာ အရာရှိ တစ်ဦး က ဆင်ဟွာ သတင်းဌာန သို့ စိုက်ပျိုးရေး ထွက်ကုန် ကုန်သွယ်ရေးဈေး တွင် ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား ခဲ့ကြောင်း ကို အတည်ပြုပြောကြား ခဲ့သော်လည်း အသေးစိတ် အချက်အလက် နှင့် ပတ်သက်၍ မပြောကြား ခဲ့ပါ။

လက်ရှိချိန်တွင် မည်သည့် အဖွဲ့အစည်း မှ ဆောင်ရွက်ခဲ့ကြောင်း ကြေညာခဲ့ခြင်း မရှိဘဲ လတ်တလော နှစ်ပိုင်းတွင် အစွန်းအရောက်အဖွဲ့အစည်း Boko Haram သည် နိုင်ဂျီးရီးယား နိုင်ငံ နှင့် အနီးပတ်ဝန်းကျင် ရှိ နိုင်ငံ များတွင် အကြမ်းဖက်တိုက်ခိုက်မှု များဆောင်ရွက်လေ့ရှိပြီး လူအများ သေဆုံးခဲ့ရကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.