Africa & Middle East
မော်ရိုကို နိုင်ငံ အရှေ့ပိုင်း ရှိ သတ္တုတွင်း တစ်ခု ပြိုကျမှု ဖြစ်ပွား လူ ၃ ဦး သေဆုံး
ရာဘတ် ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)
မော်ရိုကို နိုင်ငံ အရှေ့ပိုင်း ဂျီရာဒါ ပြည်နယ် ရှိ Zinc သတ္တုတွင်း တစ်ခု တွင် နိုဝင်ဘာ ၁၃ ရက် ၌ ပြိုကျမှု ဖြစ်ပွား ခဲ့ရာ လူ ၃ ဦး သေဆုံး ခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မော်ရိုကို နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ သိရှိရသည်။
သတ္တုတွင်း ပြိုကျမှု ဖြစ်ပွား ခဲ့ပြီးနောက်တွင် ကယ်ဆယ်ရေး အဖွဲ့ က ဒဏ်ရာရရှိသူ ၃ ဦး အား Oujda မြို့ ရှိ ဆေးရုံ သို့ ပို့ဆောင်ပေးနိုင်ခဲ့ပြီး သေဆုံးသူ များအား ရှာဖွေ တွေ့ရှိခဲ့ကြောင်း ၊ သတ္တုတွင်း ပြိုကျမှု နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရှိရသည်။
မော်ရိုကို နိုင်ငံ ဂျီရာဒါ ပြည်နယ် သည် ရိုးရာ အရ သတ္တုတူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်လေ့ရှိသည့် ဒေသ တစ်ခု ဖြစ်ပြီး မကြာခဏ သတ္တုတွင်း မတော်မဆမှုဖြင့် လူများ သေဆုံးဒဏ်ရာရရှိမှု ဖြစ်ပွား လေ့ရှိကြောင်း သိရှိရသည်။(Xinhua)