Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် အိုင်အက်စ်ကို စစ်အသုံးအဆောင်ပစ္စည်းပေးသွင်းသူနှင့် ကိုယ်ရံတော် သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျလာလာဘတ်၊ အာဖဂန်နစ္စတန်၊ နိုဝင်ဘာ ၁၃ (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း အိုင်အက်စ် စစ်အသုံးအဆောင်ပစ္စည်း အမာခံပေးသွင်းသူတစ်ဦးနှင့် ၎င်း၏ ကိုယ်ရံတော်တစ်ဦးတို့ သေဆုံးသွားခဲ့ကြောင်း နိုဝင်ဘာလ ၁၃ ရက်တွင် ထုတ်ပြန်လိုက်သော အာဖဂန်စစ်တပ် ကြေညာချက်တစ်စောင်၌ ဖော်ပြထားသည်။

“မကြာသေးမီက အိုင်အက်စ် အကြမ်းဖက်အုပ်စုနဲ့ ချိတ်ဆက်ခဲ့ပြီး Hasaka Mina ခရိုင်အတွက် စစ်ဘက်ဆိုင်ရာ ကော်မရှင် အထူးအဖွဲ့တာဝန်ရှိသူအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အိုမာ (ခေါ်) Abdul Khaliq နဲ့ သူ့ရဲ့ ကိုယ်ရံတော်တစ်ဦးတို့က အဲဒီပြည်နယ်ရဲ့ အန်ဂေါနယ်မြေမှာ နိုဝင်ဘာလ ၁၂ ရက်က သေဆုံးသွားခဲ့တယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

အိုင်အက်စ်အုပ်စုသည် အာဖဂန်နစ္စတန်နိုင်ငံတွင် လှုပ်ရှားနေဆဲဖြစ်ပြီး နိုဝင်ဘာလ ၁၁ ရက်က ကဘူးလ်မြို့ အသေခံ တိုက်ခိုက်မှုတစ်ခုအပါအဝင် ပဋိပက္ခများ အဆက်မပြတ်ကြုံတွေ့နေသည့် နိုင်ငံတွင် ကြောက်မက်ဖွယ် တိုက်ခိုက်မှုပေါင်းများစွာအတွက် တာဝန်ရှိသူဖြစ်သည်။

နန်ဂါဟာ တိုက်ခိုက်မှုနှင့်ပတ်သက်၍ အိုင်အက်စ်အုပ်စုကမူ မှတ်ချက်ပြုထားခြင်း မရှိသေးပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.