Connect with us

Africa & Middle East

ယီမင် နိုင်ငံ အစိုးရ တပ်ဖွဲ့ က ဟူတီ သူပုန် ၏ မောင်းသူမဲ့ လေယာဉ် အား ပစ်ခတ်ရှင်းလင်း

ယီမင် နိုင်ငံ ဟူတီ သူပုန် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကူဝိတ်စီးတီး ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

ယီမင် နိုင်ငံ အစိုးရ တပ်ဖွဲ့ က ဇူလိုင်လ ၅ ရက် တွင် နိုင်ငံ တောင်ပိုင်း ကမ်းခြေမြို့တော် တွင် ဟူတီ သူပုန် ၏ မောင်းသူမဲ့ လေယာဉ် တစ်စင်း အား အောင်မြင်စွာ ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ အရာရှိ တစ်ဦး ၏ ပြောကြားချက် အရ သိရှိရသည်။

ယီမင် နိုင်ငံ စစ်ဘက်ဆိုင်ရာ အရာရှိ တစ်ဦး က ဆင်ဟွာ သတင်းဌာသို့ ပြောကြားချက်အရ ဟူတီ သူပုန် သည် ဇူလိုင်လ ၅ ရက်နေ့ တွင် မောင်းသူမဲ့ လေယာဉ် ဖြင့် ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွှန့်ပေါင်း တပ်ဖွဲ့ ၏ တပ်စခန်း ကို ဗုံးကြဲ တိုက်ခိုက်ရန် ကြံစဉ်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

အမည်မဖော်လိုသည့် ယီမင် အစိုးရ အရာရှိ တစ်ဦး က ဟူတီ သူပုန် ၏ မောင်းသူမဲ့ လေယာဉ် သည် ညွှန့်ပေါင်း တပ်ဖွဲ့ တည်ရှိရာ ဒေသတွင် ဗုံးကြဲ တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ပြီး ညွှန့်ပေါင်းတပ်ဖွဲ့ အား ဒုံးကျည် နှစ်စင်း ဖြင့် တိုက်ခိုက် ခဲ့ကြောင်း ၊ တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိမှု မဖြစ်ပွား ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာ တွင် ယီမင် ဟူတီ သူပုန် မှ ယီမင် နိုင်ငံ မြို့တော် ကို သိမ်းပိုက် ခဲ့ပြီး နောက် ယီမင် နိုင်ငံ တောင်ပိုင်း ဒေသ ကို သိမ်းပိုက် ခဲ့သဖြင့် သမ္မတ Abdrabbuh Mansur Hadi မှာ ဆော်ဒီအာရေဗျ နိုင်ငံ သို့ တိမ်းရှောင် ခဲ့ရသည်။ ၂၀၁၅ ခုနှစ် မတ်လပိုင်း တွင် ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်းတပ်ဖွဲ့သည် ဟူတီ သူပုန် အား တိုက်ခိုက်သည့် စစ်ဆင်ရေး ကို စတင်ခဲ့ကြောင်း သိရှိခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.