Connect with us

Africa & Middle East

ဆိုမာလီယာ နိုင်ငံ အစိုးရ တပ်ဖွဲ့ က Al-Shabaab အစွန်းရောက် အဖွဲ့အစည်း အဖွဲ့ဝင် ၂၀ အား ပစ်ခတ်ရှင်းလင်း

ဆိုမာလီယာ နိုင်ငံ တွင် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး ဆောင်ရွက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ရိုဘီ ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

ဆိုမာလီယာ နိုင်ငံ စစ်ဘက်ဆိုင်ရာ က ဇူလိုင်လ ၃ ရက်နေ့ ညပိုင်း အချိန်တွင် နိုင်ငံ တောင်ပိုင်း Lower Juba ပြည်နယ် ရှိ Al-Shabaab အစွန်းရောက် အဖွဲ့အစည်း အား တိုက်ခိုက်မှု ဆောင်ရွက် ခဲ့ရာ အစွန်းရောက် အဖွဲ့ဝင် ပေါင်း ၂၀ ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ဆိုမာလီယာ နိုင်ငံ အစိုးရတပ်ဖွဲ့ တပ်မှူး Ismail Sheikh Isaac က ဆင်ဟွာသတင်းဌာန ၏ မေးမြန်းမှု ကို ပြောကြားချက်အရ ဇူလိုင်လ ၃ ရက်နေ့ ညပိုင်းအချိန်တွင် Al-Shabaab အစွန်းရောက် အဖွဲ့အစည်း Lower Juba ပြည်နယ် ရှိ အစိုးရ တပ်စခန်း တစ်ခု ကို သိမ်းပိုက်ရန် တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း ၊ အစိုးရ တပ်ဖွဲ့အနေဖြင့် အသေခံ ကားဗုံးဖောက်ခွဲရန် ကားမောင်းနှင်လာသည့် အစွန်းရောက် အဖွဲ့ဝင် ယာဉ်မောင်း ကို ပစ်ခတ်တားဆီး နိုင်ခဲ့ကြောင်း ၊ ထိုနောက် နှစ်ဖက် အနေဖြင့် တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့ရာ အစိုးရ အနေဖြင့် အစွန်းရောက် အဖွဲ့အစည်း ကို ဆုတ်ခွာအောင် တိုက်ခိုက်နိုင်ခဲ့ပြီး အစွန်းရောက် အဖွဲ့ဝင် ၂၀ ကို ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ကြောင်း သိရှိရသည်။

ဒေသတွင်း ပြည်သူလူထု ၏ ပြောကြားချက်အရ တိုက်ခိုက်မှုသည် နာရီ အနည်းငယ် အထိ ကြာမြင့် ခဲ့ပြီး သေနတ် ပစ်ခတ်မှုများ အဆက်မပြတ်ကြားရာကာ ပေါက်ကွဲသံများလည်း ကြားရကြောင်း သိရှိရသည်။

Al-Shabaab အဖွဲ့အစည်း သည် Al-Qaeda အဖွဲ့အစည်း နှင့် အဆက်အသွယ်ရှိသည့် အစွန်းရောက် အဖွဲ့အစည်း တစ်ခုဖြစ်ကာ လတ်တလော နှစ်ပိုင်း တွင် ဆိုမာလီယာ နှင့် အနီးတစ်ဝိုက် နိုင်ငံ များ တွင် အကြမ်းဖက် တိုက်ခိုက်မှုများ မကြာခဏ ဆောင်ရွက်လေ့ ရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.