Africa & Middle East
ယူအေအီးတွင် မိုးပျံပူဖောင်း ပျက်ကျခဲ့၍ ကမ္ဘာလှည့်ခရီးသည် ၆ဦးဒဏ်ရာရရှိ
အဘူ ဒါဘီ၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ရှိ Sharjah သဲကန္တာရပေါ်တွင် ပျံသန်းနေသည့် မိုးပျံပူဖောင်း တစ်စီး ဇန်နဝါရီ ၁၄ ရက်က ပျက်ကျခဲ့၍ ကမ္ဘာလှည့်ခရီးသည် ၆ဦးနှင့် မိုးပျံပူဖောင်းမောင်းနှင်သူ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Sharjah ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၆ ရက်က ထုတ်ဖော်ပြောကြားခဲ့သည်။
ဒဏ်ရာရရှိခဲ့သူများသည် မည်သည့်နိုင်ငံသားများဖြစ်ကြောင်း
ကို ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း Sharjah ရဲတပ်ဖွဲ့က ၎င်းတို့သည် ဥရောပ နှင့် အာရှ မှ ကမ္ဘာလှည့်ခရီးသည်များဖြစ်ကြောင်း ပြောကြားခဲ့သည်ကို ယူအေအီး နေ့စဉ်သတင်းစာ The National က ဖော်ပြခဲ့သည်။
လေတိုက်နှုန်း (သို့) စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့် ယင်းမတော်တဆမှုဖြစ်ပွားခဲ့နိုင်ခြေရှိသော်လည်း အကြောင်းရင်း အတိအကျကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့တစ်ဦး၏ပြောကြားချက်ကို ကိုးကား၍ သတင်း၌ဖော်ပြခဲ့သည်။
အာရပ်စော်ဘွားများပြည်ထောင်စု တွင် မိုးပျံပူဖောင်းခရီးစဉ်များသည် ကမ္ဘာလှည့်ခရီးသွားများ နှင့် ဒေသခံများအကြား ထင်ရှားကြောင်း သိရသည်။ (Xinhua)