Connect with us

Africa & Middle East

New Valley အုပ်ချုပ်ရေးမှူးနယ်မြေ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရမှုတွင် လုံခြုံရေးဝန်ထမ်း ၈ ဦးသေဆုံး

အီဂျစ်ရဲတပ်ဖွဲ့ ဝင်များ တိုက်ခိုက်ခံရသော New Valley အုပ်ချုပ်ရေးနယ်မြေ စစ်ဆေးရေးဂိတ်အနီး မြင်ကွင်းအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ကိုင်ရို ၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တောင်ပိုင်း ၆ဝဝ ကီလိုမီတာအကွာရှိ New Valley အုပ်ချုပ်ရေးမှူးနယ်မြေဝင်း စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှုတွင် အနည်းဆုံး လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးပြီး အခြား သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အီဂျစ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အခင်းဖြစ်နေရာသို့အီဂျစ် လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး လက်နက်ကိုင်များ နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ လက်နက်ကိုင်နှစ်ဦး သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှု နှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို ချက်ချင်းထုတ်ပြန်ပြောဆိုခဲ့ခြင်း မရှိပေ။

အစ္စလမ်မစ် သမ္မတမိုဟာမက်မော်စီအား အီဂျစ်စစ်တပ်က ဖြုတ်ချခဲ့သည့် ၂ဝ၁၃ ခုနှစ်မှ စတင်ကာ နိုင်ငံတစ်ဝန်းလုံးတွင် လုံးခြုံရေးတပ်ဖွဲ့ဝင်များအား ဆန့်ကျင်တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိသည်။

တိုက်ခိုက်မှုအများစုသည် ဆိုင်နိုင်းကျွန်းဆွယ် အလယ်ပိုင်း၌ ဖြစ်ပွားခဲ့သော်လည်း အခြားတိုက်ခိုက်မှုများမှာ မြို့တော်ကိုင်ရို နှင့် အခြားမြို့များပါ ပျံ့နှံ့ဖြစ်ပွားခဲ့သည်။

အီဂျစ်နိုင်ငံ၌ ပြီးခဲ့သော ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၉ ရက်ကလည်း ဂီဇာပိရမစ်တည်ရှိရာ လမ်းမ ပေါ်ရှိ ကိုင်ရိုမြို့စစ်ဆေးရေးဂိတ်အား ဗုံးခွဲတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.