Africa & Middle East
လစ်ဗျားနိုင်ငံ တောင်ပိုင်းတွင် လူ ၁ ဦးသေဆုံး၊ ၃ ဦး ပြန်ပေးဆွဲခံရ
ထရီပိုလီ၊ မတ် ၂၆ ရက် (ဆင်ဟွာ)
လစ်ဗျားနိုင်ငံ တောင်ပိုင်းတွင် အိုင်အက်စ်အဖွဲ့ဝင်များဖြစ်ဖွယ်ရှိသူများက မတ်လ ၂၅ ရက်တွင် အရပ်သား ၁ ဦးအား သတ်ဖြတ်ပြီး အခြား ၃ ဦးအားပြန်ပေးဆွဲခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။
“သေနတ်သမားများက ကား သုံးစီးနဲ့ ဂတ်ဝါမြို့ကို တိုက်ခိုက်ခဲ့ပြီး အရပ်သား နေအိမ်တွေကို တိုက်ခိုက်လုယက်ခဲ့တယ်။ တိုက်ခိုက်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး” ဟု နိုင်ငံတောင်ပိုင်း ဆတ်ဟာမြို့ လုံခြုံရေးဌာန သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။
ဂတ်ဝါမြို့သည် လစ်ဗျားနိုင်ငံ တောင်ပိုင်းရှိ အကြီးဆုံးမြို့ဖြစ်ပြီး ဆတ်ဟာမြို့၏ အရှေ့တောင်ဘက် ၆၅ ကီလိုမီတာအကွာတွင် တည်ရှိသည်။
လစ်ဗျားနိုင်ငံ အရှေ့ပိုင်းအခြေစိုက်စစ်တပ်က ဇန်နဝါရီလလယ်ပိုင်းကစ၍ နိုင်ငံတောင်ပိုင်းတွင် အကြမ်းဖက်မှုနှင့် မှုခင်း ဆန့်ကျင်ရေး စစ်ဘက်ဆိုင်ရာလှုပ်ရှားမှု လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
မကြာသေးမီကမှ ထိုစစ်တပ်က နိုင်ငံတောင်ပိုင်းတွင် စစ်ဆင်ရေးတစ်ခု လုပ်ဆောင်ခဲ့ပြီး စစ်သွေးကြွများမှ ဖမ်းဆီးထားသော ဓားစာခံများအား လွတ်မြောက်အောင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)