Connect with us

Africa & Middle East

ဆော်ဒီ ဦးဆောင်သော လေကြောင်း တိုက်ခိုက်မှုများကြောင့် ယီမင် အရှေ့ပိုင်းတွင် ဟူသီ သူပုန်များ သေဆုံး

ယီမင် နိုင်ငံ အတွင်းရှိ ဟူသီ သူပုန်များအား တွေ့ ရစဉ်(ဆင်ဟွာ)

ဆာနား ၊ မတ် ၂၆ ရက်(ဆင်ဟွာ)

ယီမင် နိုင်ငံ အရှေ့ပိုင်း Marib ပြည်နယ်တွင် မတ် ၂၅ ရက်က ဆော်ဒီ ဦးဆောင်သော လေကြောင်း တိုက်ခိုက်မှုများကြောင့် အနည်းဆုံး ဟူသီ သူပုန် ၅၀ ဦး သေဆုံးသွားခဲ့ကြောင်း ယီမင် အစိုးရမှ ထုတ်ဝေသော September Net ဝဘ်ဆိုဒ်၏ ထုတ်ပြန်မှု အရ သိရသည်။

ထိုတိုက်ခိုက်မှုများသည် Serwah ခရိုင် အတွင်းရှိ Rabiaa တောင်ကြားရှိ သူပုန်များအား ပစ်မှတ်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဟူသီ သူပုန်များက အဆိုပါ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ဝေဖန် ပြောကြားမှု တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။

Serwah ခရိုင်သည် ဟူသီ ထိန်းချုပ်မှုအောက်ရှိ Marib ပြည်နယ် အရှေ့ပိုင်းရှိ တစ်ခုတည်းသော ခရိုင် ဖြစ်ပြီး ရေနံ အထွက် ပေါများသည့် အခြား ပြည်နယ်များသည် နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ်ပြု အစိုးရ၏ ထိန်းချုပ်မှု အောက်တွင် ရှိကြောင်း သိရသည်။

ယီမင် အစိုးရ နှင့် Hodeidah မြို့ပင်လယ်နီ ဆိပ်ကမ်းရှိ ဟူသီ သူပုန်များ အကြား ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် စတော့ဟုမ်း(Stockholm) မြို့၌ ရရှိခဲ့သည့် ငြိမ်းချမ်းရေး စာချုပ် တစ်ခုမှာ နှစ်ဘက် တပ်ဖွဲ့များ မြို့မှ ပြန်လည် ဆုတ်ခွာရန် လိုက်နာမှု မရှိသည့် နောက်တွင် ပျက်ပြယ်သွားခဲ့ကြောင်း သိရသည်။

ဟူသီ သူပုန်များက ယီမင် နိုင်ငံ သမ္မတ Abd-Rabbu Mansour Hadi ကို ပြည်တွင်းမှ တိုက်ထုတ်ကာ နိုင်ငံ မြောက်ပိုင်းကို သိမ်းယူ ထားခဲ့ပြီးနောက် ၎င်းကို ထောက်ခံသည့် ဆော်ဒီ အာရေဗျ ဦးဆောင်သော စစ်ရေး ညွှန့်ပေါင်း အဖွဲ့သည် ယီမင်နိုင်ငံ၌ ၂၀၁၅ ခုနှစ် မတ်လတွင် ဝင်ရောက် စွက်ဖက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.