Africa & Middle East
လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားတွင် အီရန် စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ် ၄ ဦး သေဆုံး

တီဟီရန် ၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ)
ဧပြီလ ၉ ရက်နေ့တွင် ဆီးရီယားရှိ လေတပ်စစ်အခြေစိုက်စခန်းတစ်ခု လေကြောင်းဖြင့်တိုက်ခိုက်ခံရ သောကြောင့် အီရန် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ် ၄ ဦး သေဆုံးခဲ့သည်ဟု အီရန်Fars news agency၏ ပြောကြားချက်အရ သိရှိရသည်။ သေဆုံးသူအမည်စာရင်းကို ၎င်းသတင်းအေဂျင်စီက ထုတ်ပြန်ထားသည်။
ရုရှားဘက်မှရရှိသောသတင်းများအရ အစ္စရေး တိုက်လေယာဉ်များက ဆီးရီးယားရှိ ထိုလေတပ်စစ်အခြေစိုက် စခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဆီးရီးယားနိုင်ငံ အလယ်ပိုင်း Homsပြည်နယ်ရှိ အစိုးရလေတပ်စစ်အခြေစိုက်စခန်းမှာ ဧပြီလ ၉ ရက်နေ့ မနက်ပိုင်းတွင် ဒုံးကျည်ဖြင့်တိုက်ခိုက်ခံရသောကြောင့် သေဆုံးဒဏ်ရာရသူ အများအပြားရှိသည်။
(Xinhua)