Connect with us

Africa & Middle East

အီရတ် နိုင်ငံ အနောက်ပိုင်း တွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ လုံခြုံရေး ဝန်ထမ်း ၂ ဦး သေဆုံး ၇ ဦး ဒဏ်ရာရရှိ

အီရတ် နိုင်ငံ တွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ပြီးနောက် ရဲတပ်ဖွဲ့ မှ လုံခြုံရေး ဆောင်ရွက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက် ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

အီရတ် နိုင်ငံ အနောက်ပိုင်း Anbar ပြည်နယ် Haditha မြို့ ၌ ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်း အချိန်တွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ လုံခြုံရေး ဝန်ထမ်း အနည်းဆုံး ၂ ဦး သေဆုံး ခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင် များ၏ ပြောကြား ချက်အရ သိရှိရသည်။

Haditha မြို့ရှိ ပြည်သူ တစ်ဦး က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု ကို ဖြေကြားခဲ့ရာတွင် ရဲတပ်ဖွဲ့ နှင့် အရပ်ဘက် လက်နက်ကိုင် တပ်ဖွဲ့ တို့ က မြို့အတွင်း IS အစွန်းရောက် အဖွဲ့အစည်း က လှုပ်ရှားမှု များဆောင်ရွက်နေသည် ကိုတွေ့ရှိခဲ့ရပြီး နှစ်ဘက် အနေဖြင့် တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့ရာ IS အဖွဲ့ဝင် ၃ ဦး ကို ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

IS အစွန်းရောက် အဖွဲ့ဝင် တစ်ဦး က လုံခြုံရေး ဝန်ထမ်းများ တည်ရှိရာ သို့ ပြေးဝင်လာခဲ့ပြီး ကိုယ်တွင် တပ်ဆင်ထားသည့် ဗုံးများကို ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ၊ ဒဏ်ရာရရှိသူများကို လက်ရှိချိန်တွင် ဆေးရုံ သို့ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဒဏ်ရာရရှိသူများ အနက် ၃ ဦး မှာ ဒဏ်ရာအလွန်ပြင်းထန် ကြောင်း သိရှိရသည်။

ယခု ဖြစ်ပွား ခဲ့သည့် တိုက်ခိုက်မှု သည် Anbar ပြည်နယ် ၌ ၃ ရက်အတွင်း ဒုတိယ အကြိမ်မြောက် ဖြစ်ပွား ခဲ့သည့် တိုက်ခိုက်မှု ဖြစ်သည်။ ဧပြီလ ၇ ရက်နေ့ ၌လည်း Anbar ပြည်နယ် အတွင်းရှိ အစိုးရ အလုပ်ရုံ တစ်ခု တိုက်ခိုက်ခံခဲ့ရကာ ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး ခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာရရှိသူများအတွင်း မေလတွင် ကျင်းပ မည့် လွှတ်တော်ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီး ကိုယ်စားလှယ် တစ်ဦးလည်း ပါဝင်ကြောင်း သိရှိရသည်။(Xinhua)