Africa & Middle East
ဝေလငါး ၁၁၅ ကောင် ဖမ်းဆီးပြီးနောက် ဂျပန်တွင် ဝေလငါးဖမ်းရာသီ အဆုံးသတ်
တိုကျို၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)
ပစိဖိတ်ပင်လယ် အနောက်မြောက်ပိုင်း၌ ဝေလငါး ၁၁၅ ကောင်အား ဖမ်းဆီးပြီးနောက် နှစ်စဉ် ဝေလငါးဖမ်း ရာသီအား အဆုံးသတ်လိုက်ကြောင်း ဂျပန် ငါးဖမ်းလုပ်ငန်းက ဇူလိုင်လ ၂၅ ရက်က ပြောကြာခဲ့သည်။
ဝေလငါး အမျိုးအစားများဖြစ်သည့် Sei Whale ၄၄၄ ကောင်နှင့် Bryde Whale ၁၀၄ ကောင်တို့ ရှိနေသည့် နေရာသို့ ဂျပန် ဝေလငါးဖမ်း သင်္ဘောသည် မေလ ၁၂ ရက် ထွက်ခွာသွားပြီး Sei Whale ၉၀ ကောင်နှင့် Bryde Whale ၂၅ ကောင်တို့အား ဖမ်းဆီးမိခဲ့သည်။
ဂျပန်နိုင်ငံ၏ ဝေလငါးဖမ်း သုတေသနပြုခြင်းသည် ၁၉၈၆ ဝေလငါး ဖမ်းဆီးခြင်းကို ချိုးဖောက်ကြောင်း သည်ဟေ့ချ်ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံးက ၂၀၁၄ ခုနှစ် မတ်လတုန်းက ပြဋ္ဌာန်းထားကြောင်း သိရသည်။
အဆိုပါ အဆုံးအဖြတ်ကြောင့် ဂျပန်သည် ၂၀၁၄ ခုနှစ် ငါးဖမ်းရာသီအား ရပ်နားခဲ့သော်လည်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ပြန်လည် စတင်ခဲ့ကာ Minke Whale ၃၃၃ ကောင်အား ဖမ်းဆီးခဲ့သည်။
ဂျပန်နိုင်ငံကမူ ယခုလို ဝေလငါးဖမ်းဆီးခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့၏ အစာအိမ်များ၌ ပါဝင်သည့် အရာများ ကဲ့သို့ အခြေခံ အကြောင်းရင်းအား စစ်ဆေးခြင်းဖြင့် ပင်လယ်ရေ အရင်းအမြစ်အပေါ် တိရစ္ဆာန်များ၏ သက် ရောက်မှုအား ဆန်းစစ်ခြင်း ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
သို့သော်လည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းသူများကမူ ဂျပန်နိုင်ငံ၏ ဝေလငါးဖမ်းမှု အကြောင်းပြချက်သည် စီးပွားဖြစ် ဝေလငါး ဖမ်းဆီးခြင်းအား ဖုံးကွယ်လိုခြင်းသာ ဖြစ်သည်ဟု ယုံကြည်ထားကြောင်း သိရသည်။ (Xinhua)