Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ပြည်နယ်အတွင်း အာဖဂန် စစ်တပ် ချေမှုန်းမှုကြောင့် စစ်သွေးကြွ ၁၃ ဦး သေဆုံး

ကွန်ဒုဇ်ပြည်နယ် အတွင်း တာလီဘန် စစ်ဆင်ရေးပြုလုပ်နေသော စစ်ယာဉ်တန်း တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ကွန်ဒုဇ်၊ အာဖဂန်နစ္စတန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ မြောက်ပိုင်း ကွန်ဒုဇ်ပြည်နယ်တွင် အာဖဂန် လုံခြုံရေး တပ်ဖွဲ့၏ စစ်ဆင်ရေးများ အကြား စစ်သွေးကြွ ၁၃ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ် ရဲဦးစီးဋ္ဌာနက ဇူလိုင်လ ၂၇ ရက်က ပြောကြား လိုက်သည်။

“အာဖဂန် လုံခြုံရေး တပ်ဖွဲ့များက အာခီ ခရိုင်အတွင်းရှိ Qarluq နယ်မြေကို ဇူလိုင်လ ၂၆ ရက်ညက စစ်ဆင်ရေး တစ်ခု ပြုလုပ်ခဲ့ရာ တာလီဘန် စစ်သွေးကြွ ၃ ဦး သေဆုံးခဲ့ပြီး အခြားလူ ၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်” ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဇူလိုင်လ ၂၆ ရက်တွင် တာလီဘန် စစ်သွေးကြွများ အခြေစိုက်ရာ Qalay-i-Zal ခရိုင်အတွင်းသို့ အာဖဂန် စစ်တပ် လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ရာ လက်နက်ကိုင် စစ်သွေးကြွ ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အာဖဂန်နိုင်ငံအတွင်း တာလီဘန် စစ်သွေးကြွများအား ၂၀၀၁ ခုနှစ် နှောင်းပိုင်းတွင် ဖြုတ်ချခဲ့ပြီး ဖြစ်သော်လည်း ပြန်လည် ပေါ်ပေါက်လာကာ လက်နက်ကိုင် သောင်းကျန်းခြင်း၊ ချုံခိုတိုက်ခိုက်ခြင်းနှင့် အသေခံ ဗုံးခွဲခြင်းများ ပြုလုပ်ခြင်းကြောင့် စစ်သားများနှင့် အရပ်သားများ သေဆုံးခဲ့ရသည်။
ယမန်နှစ် အစောပိုင်းကလည်း Qalay-i-Zal စစ်ဆင်ရေးအတွင်း တာလီဘန်များ၏ လက်နက် တပ်ဆင်ထား သည့် ယာဉ်တစ်စီးအား ဖမ်းဆီးမိခဲ့ပြီး အာဖဂန် လေတပ်က ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။
ယခုလ အစောပိုင်းက တာလီဘန်များသည် ပျောက်ကြား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး တာဂျစ်ကစ္စတန် နယ်စပ်ရှိ Qalay-i-Zal အား ပြန်လည် ထိန်းချုပ်နိုင်ရန် ကြိုးစားခဲ့သော်လည်း အာဖဂန် တပ်ဖွဲ့က တွန်းလှန်နိုင် ခဲ့သည်။ စစ်သွေးကြွများအား ချေမှုန်းမည့် လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးများအား အာဖဂန် လုံခြုံရေး တပ်ဖွဲ့က အရှိန်မြှင့် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.