Connect with us

Africa & Middle East

အစ္စရေးစစ်သားများနှင့်ဖြစ်ပွားသော ပဋိပက္ခအတွင်း ပါလက်စတိုင်း ဆယ်ကျော်သက်တစ်ဦးသေဆုံး

ပါလက်စတိုင်းလူငယ်တစ်ဦးအား အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးနေစဉ်(ဆင်ဟွာ)

ရာမာလာ ၊ သြဂုတ် ၁၇ ရက်(ဆင်ဟွာ)

အစ္စရေးနိုင်ငံ West Bank တောင်ပိုင်းရှိ Hebron မြို့၌ သြဂုတ်လ ၁၆ ရက်က ဖြစ်ပွားခဲ့သော ပါလက်စတိုင်းလူမျိုး ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာ နှင့် အစ္စရေးစစ်သားများအကြား ပဋိပက္ခမှုတွင် ပါလက်စတိုင်းဆယ်ကျော်သက်လူငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ဆေးဘက်ဆိုင်ရာတာဝန်ရှိသူများက ပြောသည်။

Hebron မြို့အနီးရှိ al-Fawar ဒုက္ခသည်စခန်း၌ ဆန္ဒပြခဲ့ကြသော ပါလက်စတိုင်းလူမျိုးဒါဇင်ပေါင်းများစွာသည် အစ္စရေးစစ်သားများအား ကျောက်တုံးများဖြင့် ပစ်ပေါက်ခဲ့ပြီး အစ္စရေးစစ်သားများ၏ ပြန်လည်ပစ်ခတ်မှုကြောင့် အသက် ၁၇ နှစ်အရွယ်ရှိ Mohamed Abu Hashash အမည်ရ ပါလက်စတိုင်းလူငယ်တစ်ဦး ကျည်ဆံထိမှန်သေဆုံးခဲ့ကြောင်းသိရသည်။
သြဂုတ်လ ၁၆ ရက် နံနက်တွင် ဒုက္ခသည်စခန်း၌ ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ပါလက်စတိုင်းလူမျိုး ၄၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပါလက်စတိုင်းလခြမ်းနီအဖွဲ့ကထုတ်ပြန်သည်။ယင်းနေ့နှောင်းပိုင်းတွင် ဒုက္ခသည်စခန်းအား အစ္စရေးစစ်တပ်က ဝင်ရောက်စီးနင်းခဲ့သည်။ အစ္စရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခြင်း နှင့် မျက်ရည်ယိုဗုံးများခွဲခြင်းတို့ကြောင့် ပါလက်စတိုင်း ဆယ်ကျော်သက်တစ်ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၊ အများစုမှာ စိုးရိမ်ဖွယ်အခြေအနေတွင် ရှိနေသေးကြောင်း မျက်မြင်သက်သေများက ဆိုသည်။
ဂါဇာရှိ ဟားမတ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ Sami Abu Zuhri က ပါလက်စတိုင်းဒုက္ခသည်စခန်းအား အစ္စရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကို ရှုတ်ချကြောင်း အီးမေလ်းဖြင့်ပေးပို့သော ကြေညာချက်တွင် ဖော်ပြထားသည်။
အစ္စရေးနိုင်ငံအား တိုက်ခိုက်ရန် စီစဉ်နေသည့် ပါလက်စတိုင်းများအားရှာဖွေဖော်ထုတ်ခြင်း နှင့် ပုံမှန်လုံခြုံရေးလှုပ်ရှားမှုကို အစ္စရေးစစ်တပ်က ဆောင်ရွက်လျက်ရှိကြောင်း အစ္စရေးနိုင်ငံပိုင်ရေဒီယိုမှ ထုတ်လွှင့်ခဲ့သည်။
အဆိုပါ လုံခြုံမှု စစ်ဆင်ရေးအတွင်း အစ္စရေးတပ်ဖွဲ့ဝင်များသည် ဓားများ၊လက်ပစ်ဗုံးများ နှင့် ပစ္စတိုသေနတ်များကို သိမ်းဆည်းရမိကြောင်း အစ္စရေးစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်၏ ပြောဆိုချက်ကိုကိုးကား၍ သတင်းတွင်ဖော်ပြထားသည်။
၂ဝ၁၅ ခုနှစ် အောက်တိုဘာလမှ စတင်ကာ အစ္စရေး နှင့် ပါလက်စတိုင်းတို့အကြား တင်းမာမှုကြီးထွားခဲ့ပြီး နှစ်ဖက်တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းလူမျိုး ၂၂ဝ ဦး နှင့် အစ္စရေးလူမျိုး ၄ဝ ဦးသေဆုံးခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.