Connect with us

Africa & Middle East

တူရကီ ကားဗုံးပေါက်ကွဲမှုအတွင်း သေဆုံးသူ ၈ဦးအထိရှိလာ

တူရကီနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ကားဗုံးပေါက်ကွဲမှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အန်ကာရာ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အရှေ့တောင်ပိုင်း Diyarbakir ပြည်နယ် တွင် ဖြစ်ပွားခဲ့သည့် ကားဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ဦးရေသည် သြဂုတ် ၁၆ ရက်တွင် ၈ဦးအထိ မြင့်တက်လာခဲ့ကြောင်း Dogan သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအား ကာဒစ် အလုပ်သမားပါတီ (PKK) အစွန်းရောက်အဖွဲ့က ရဲစခန်းတစ်ခု ကို ပစ်မှတ်ထား၍ သြဂုတ်၁၅ ရက်က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Diyarbakir ပြည်နယ် ဆူကာလုရွာရှိ မူရတ်အူကာဒေသဆိုင်ရာ ယာဉ်သွားလာမှုစုံစမ်းစစ်ဆေးရေးစခန်း ၏ အပြင်ဘက်တွင် ဗုံးတပ်ဆင်ထားသည့် ထရပ်ကားတစ်စီးအား (PKK) အစွန်းရောက်အဖွဲ့က ဖောက်ခွဲခဲ့ခြင်း ကြောင့် ရဲဝန်ထမ်း ၅ဦးနှင့် အပြစ်မဲ့ပြည်သူ ၃ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော သန့်ရှင်းရေးသမားတစ်ဦးသည် စစ်ဆေးရုံ၌ သြဂုတ် ၁၆ ရက် တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
စုံစမ်းစစ်ဆေးမှုများအရ ထရပ်ကားသည် နိုင်ငံ၏ အရှေ့တောင်ပိုင်း မာဒန်ပြည်နယ် မှ ဖြစ်ပြီး ဖောက်ခွဲရေးပစ္စည်း ၁၀တန်ကျော် တင်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
(PKK) အစွန်းရောက်အဖွဲ့ ၏ ပထမဆုံး လက်နက်ကိုင် တိုက်ခိုက်မှုလုပ်ခဲ့သည့် ၁၉၈၄ခုနှစ် Siirt’s Eruth ခရိုင် တိုက်ခိုက်ခံရမှု ၃၂နှစ်မြောက်နေ့ဖြစ်သည့် သြဂုတ် ၁၅ ရက်တွင် Diyarbakir ပြည်နယ် ရဲတပ်ဖွဲ့များအား သတိပေးတပ်လှန့်ထားခဲ့ကြောင်း သိရသည်။
တူရကီနိုင်ငံ နှင့် အီရတ်နိုင်ငံ မြောက်ပိုင်းတွင် ၂၀၁၅ခုနှစ် ဇူလိုင်လကတည်းက တူရကီလုံခြုံရေးတပ်ဖွဲ့များ နှင့် PKK အစွန်းရောက် အဖွဲ့များ ၏ ထိပ်တိုက်ရင်ဆိုင်မှုများအတွင်း တူရကီဘက်မှ တပ်ဖွဲ့ဝင် ၅၀၀ကျော်နှင့် PPK အဖွဲ့ဝင်ထောင်ပေါင်းများစွာ သေဆုံးခဲ့ကြောင်း သိရသည်။
PKK အစွန်းရောက်အဖွဲ့က အစိုးရဆန့်ကျင်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည့် ၁၉၈၄ခုနှစ်မှစ၍ အပြစ်မဲ့ပြည်သူ ၄၀,၀၀၀ကျော် တိုက်ပွဲများအတွင်း သေဆုံးခဲ့ရကြောင်း သိရသည်။
PKK အစွန်းရောက်အဖွဲ့အား အမေရိကန်နိုင်ငံ၊ ဥရောပသမဂ္ဂ နှင့် တူရကီနိုင်ငံတို့က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် စာရင်းသွင်း သတ်မှတ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.