Africa & Middle East
အစ္စရေး၏ နျူကလီးယား လက်နက်များက ဒေသလုံခြုံရေးကို အန္တရာယ်ဖြစ်စေသည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးက အပြစ်တင်ပြောဆို

တီဟီရန် ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ)
အစ္စရေး၏နျူကလီးယားလက်နက်များသည် အရှေ့အလယ်ပိုင်းနှင့်ကမ္ဘာ့လုံခြုံရေးအတွက် အမှန်တကယ် အန္တရာယ်ဖြစ်စေသည်ဟု လွန်ခဲ့သောရက်များက အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarifက အပြစ်တင်ပြောဆိုလိုက်ပါသည်။
အရှေ့အလယ်ပိုင်းဒေသ၏ နျူကလီးယားဒုံးကျည်ထိပ်ဖူးများသည် အစ္စရေးတွင်သာရှိပြီး အီရန်တွင် တစ်ခုမှမရှိကြောင်း စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအင်စတီကျု(SIPRI)၏ နောက်ဆုံးကြေညာချက်များက ဖော်ပြထားသည်ဟု Mohammad Javad Zarifက ၎င်း၏တွစ်တာလူမှုကွန်ရက်တွင် ရေးသားထားကြောင်းသိရသည်။
Mohammad Javad Zarifက အီရန်တွင်နျူကလီးယားလက်နက်မရှိဘဲ အစ္စရေးက အီရန်သည် နျူကလီးယားလက်နက် ဖွံ့ဖြိုးအောင်လုပ်ဆောင်နေသည်ဟု တောက်လျှောက်စွပ်စွဲနေခြင်းမှာ မဟုတ် ဘဲနှင့်ဟုတ်သယောင် စွပ်စွဲပြောဆိုနေခြင်းသာဖြစ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အစ္စရေး၏ နျူကလီးယားဒုံးကျည်ထိပ်ဖူး လျှို့ဝှက်စွာလုပ်ဆောင်နေမှုကု ိအနီးကပ်စောင့်ကြည့်ရန် တိုက်တွန်း ကြောင်း ပြောဆိုခဲ့သည်။
၂၀၁၅ ခုနှစ် ဇူလိုင်လတွင် အီရန်နှင့် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်နှင့် ဂျာမဏီ နိုင်ငံ များအကြား နျူကလီးယားပြဿနာဆိုင်ရာ သဘောတူညီချက်ကို ရရှိခဲ့သည်။ အဆိုပါသဘောတူညီ ချက်အရ အီရန်သည် ၎င်းနျူကလီးယားအစီအစဉ်များကို ထိန်းချုပ်ကန့်သတ်သွားမည်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက အီရန်အပေါ် ပိတ်ဆို့မှုများကိုလည်း ဖျက်သိမ်းမည်ဖြစ်သည်။ သဘောတူညီချက်ရရှိပြီးနောက် International Atomic Energy Agency(IAEA) က အီရန်သည် သဘောတူညီချက်ကို လိုက်နာဆောင်ရွက်သည်ဟု အတည်ပြုခဲ့သော်လည်း အမေရိကန်၊ အစ္စရေး စသည့်နိုင်ငံများက အီရန်အပေါ် သံသယရှိနေခဲ့ကြကြောင်းသိရသည်။ အမေရိကန်သမ္မတ ထရန့်က မေ ၈ ရက် တွင် အီရန်နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်ရန် ကြေညာခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုများ ပြန်လည်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)