Connect with us

Africa & Middle East

တောင်အာဖရိကတွင် လမ်းများပိတ်ဆို့မှုဖြင့် လူ ၆၂ဦးကို ဖမ်းဆီး

တောင်အာဖရိကနိုင်ငံ ရှိ N3 အဝေးပြေးလမ်းမ ၌ ကုန်တင်ကားများဖြင့် ပိတ်ဆို့ ဆန္ဒပြစဉ် (ဓါတ်ပုံ-အင်တာနက်)

ဂျိုဟန်နက်စဘာ့တ်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

တောင်အာဖရိကနိုင်ငံ ရဲတပ်ဖွဲ့က နိုင်ငံခြားသားများအား ကုန်တင်ကားမောင်းသူများအဖြစ် အလုပ်ခန့်မှုကို ကန့်ကွက်သောအားဖြင့် လမ်းများကို ပိတ်၍ ဆန္ဒပြသူ ၆၂ဦးကို ဇွန် ၂၁ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

KwaZulu-Natal ရဲတပ်ဖွဲ့က ဆန္ဒပြသူများသည် ကုန်တင်ကား ၅၁စီးဖြင့် ယာဉ်အသွားအလာရှုပ်ထွေးသော ဒါဘန်မြို့ နှင့် ဂျိုဟန်နက်စဘာ့တ်မြို့ အကြားရှိ N3 အဝေးပြေးလမ်းမကို ပိတ်ဆို့ထားကြောင်း ပြောကြားခဲ့သည်။

ရဲဌာနဝန်ကြီး Bheki Cele က ဖမ်းဆီးထိန်းသိမ်းထားသည့် ယာဉ်မောင်းများအား အများပြည်သူဆိုင်ရာ အဓိကရုဏ်းဖြစ်ပွားစေမှု နှင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်စေမှုဖြင့် တရားစွဲဆိုထားကြောင်းပြောကြားခဲ့သည်။

၎င်းက ရဲဌာနသည် ဥပဒေ နှင့် အမိန့်အား ထိန်းသိမ်းလိုက်နာရာတွင် အလွန်တင်းကြပ်မှုရှိကြောင်း၊ ယင်းကဲ့သို့ ရိုင်းစိုင်းသည့် အပြုအမူမျိုးကို သည်းခံနေမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးက အစိုးရသည် မှန်ကန်သော နည်းလမ်းကို ကျင့်သုံးသော ယာဉ်မောင်းများ နှင့် စေ့စပ်ဆွေးနွေးရန် ဆန္ဒရှိကြောင်းပြောကြားခဲ့သည်။

အဝေးပြေးလမ်းမအား နေ့လည်ပိုင်းတွင် ရှင်းလင်းခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.