Connect with us

Africa & Middle East

အစ္စရေး နိုင်ငံရွေးကောက်ပွဲရလဒ်က ညွန့်ပေါင်းအစိုးရသို့ဦးတည်ဟုခန့်မှန်း

အစ္စရေးနိုင်ငံ အတိုက်အခံပါတီခေါင်းဆောင် ဘန်နီဂင့်ဇ်(၀ဲ) နှင့် လက်ရှိ ဝန်ကြီးချုပ် နေတန်ယာဟု တို့အားတွေ့ရစဉ်။

ဂျေရုစလင်မ်၊စက်တင်ဘာလ ၁၈(ဆင်ဟွာ)

အစ္စရေးနိုင်ငံတွင် စက်တင်ဘာလ ၁၈ ရက်က အထွေထွေရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက် ထိုညတွင် ဆန္ဒမဲအားလုံး၏ ၉၅ ရာခိုင်နှုန်း ရေတွက်ပြီးစီးခဲ့သည်တွင် ရွေးကောက်ပွဲရလဒ်ကြောင့်အစ္စရေးနိုင်ငံ၏ အဓိကနိုင်ငံရေးအင်အားစုကြီးနှစ်ရပ်မှာ ရှေ့မတိုးသာနောက်မဆုတ်သာ အကျပ်အတည်းအခြေအနေ နှင့်ကြုံတွေ့နေကြရကြောင်း ဗဟိုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၁၈ ရက်ညတွင်ပြော ကြားခဲ့သည်။

ရေတွက်ပြီးစီးသည့်မဲဆန္ဒရှင်များ၏ရလဒ်များအရ ဝန်ကြီးချုပ်နေတန်ယာဟု(Benjamin Netanyahu) ဟု ၏ လီကွတ်ပါတီ က အ မတ်နေရာ ၃၂ နေရာရရှိပြီး အတိုက်အခံခေါင်းဆောင် ဘန်နီ ဂင့်ဇ် ၏ (Benny Gantz) ဦးဆောင်သော Blue and White ပါတီက ၃၃ နေရာရရှိခဲ့သည်။ ထို့ကြောင့် လီ ကွတ်ပါတီဦးဆောင်သော လက်ယာစွန်းမဟာမိတ်အဖွဲ့နှင့် Blue and White ပါတီ ဦးဆောင်သော ဗဟိုလက်ဝဲယိမ်းမဟာမိတ်အုပ်စုနှစ်ခုစလုံးပင် ပါလီမန်၌ အမတ်နေရာ ၅၆ နေရာစီသာရရှိခဲ့ကြသည်။

အစ္စရေးနိုင်ငံတွင် နိုင်ငံရေးပါတီတစ်ခုအနေဖြင့် အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ရန် လွှတ်တော်အမတ်နေရာ ၁၂၀ အနက် အများစုဖြစ်သော ၆၁ နေရာကို အနည်းဆုံးရရှိရန်လိုအပ်ရာ ယခုအခါအဓိကပါတီကြီး နှစ်ရပ်လုံးပင် မဲအများစု မရရှိနိုင်ကြသည့်အတွက် ၎င်းတို့အဖို့ အကျဉ်းအကျပ်အခြေအနေသို့ရောက် ရှိခဲ့ကြရခြင်းဖြစ်သည်။

ရွေးကောက်ပွဲတွင် အစ္စရေးနိုင်ငံ၌ တိုးတက်အားကောင်းလာသော နိုင်ငံရေးသြဇာကြီးမားသူ အဗစ်ဒို လိုင်ဘာမန်(Avigdor Lieberman) ၏ လက်ယာစွန်း Our Home ပါတီကလည်း အမတ် ၈ နေရာရရှိ ခဲ့ရာ အဓိက အင်အားကြီးပါတီကြီးနှစ်ခုအနေဖြင့် Our Home ပါတီ နှင့်ပူးပေါင်း၍ ညွန့်ပေါင်းအစိုးရဖွဲ့ ရန်မကြိုးစားကြ၍ အစိုးရဖွဲ့နိုင်ရန်မဖြစ်နိုင်သည့်အခြေအနေတွင်ရောက်နေကြသည်။ Our Home ပါတီ ၏ခေါင်းဆောင် အဗစ်ဒို လိုင်ဘာမန် က၎င်းအနေဖြင့် ကျယ်ပြန့်သော လစ်ဘရယ်ညွန့်ပေါင်းအစိုးရအ ဖွဲ့ထူထောင်နိုင်ရန်လိုလားကြောင်း၊သို့သော်မည်သည့်ညွန့်ပေါင်းအစိုးရအဖွဲ့၏ အစိတ်အပိုင်းတစ်ခုအ နေနှင့်သာ ပါဝင်မည်မဟုတ်ဟုဆိုခဲ့သည်။

ဝန်ကြီးချုပ်နေတန်ယာဟု က စက်တင်ဘာလ ၁၈ ရက် နံနက်ကပင် ၎င်း၏ပါတီအနေဖြင့် အစိုးရအဖွဲ့ ဖွဲ့နိုင်ရန်လိုအပ်သောအမတ်နေရာမရခဲ့သော်လည်း လက်ယာစွန်းညွန့်ပေါင်းအစိုးရအဖွဲ့ထူထောင်၍ ခေါင်းဆောင်သွားမည်ဖြစ်ကြောင်းပြောခဲ့သည်။၎င်း၏ ခေါင်းဆောင်မှုမပါသည့်မည်သည့်အစိုးရအဖွဲ့ ကိုမဆိုဆန့်ကျင်ကြောင်းလည်း နေတန်ယာဟု ကပြောခဲ့သည်။

ရွေးကောက်ပွဲရလဒ်မှထွက်ပေါ်လာသော ရှေ့မတိုးသာနောက်မဆုတ်သာ နိုင်ငံရေးအကျပ်အတည်း အခြေအနေ ကညွန့်ပေါင်းအစိုးရဖွဲ့ရေး ညှိနှိုင်းမှုများအတွက် အချိန်ကြာရှည်စွာယူရမည့်အခြေအနေ သို့ရောက်ရှိလိမ့်မည်ဟု ခန့်မှန်းထားကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.