Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ မင်္ဂလာပွဲအခမ်းအနား တိုက်ခိုက်ခံရမှုတွင် သေဆုံးသူ ဦးရေ ၈၀ အထိ တိုးမြင့်လာ

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ မင်္ဂလာပွဲအခမ်းအနား တိုက်ခိုက်ခံရမှုတွင် သေဆုံးသူတစ်ဦးအား ထမ်းလာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ မင်္ဂလာပွဲအခမ်းအနားတစ်ခုတွင် ယခုလ ၁၇ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေ ၈၀ အထိ တိုးမြင့်လာပြီဖြစ်ကြောင်း အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nasrat Rahimiက သြဂုတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းထန်သူ ၁၇ ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူဦးရေ ၈၀ အထိ မြင့်တက်သွားပြီဖြစ်ကြောင်း ၊ လက်ရှိတွင်လည်း ဒဏ်ရာရသူ ၁၆၀ ကျော် ဆေးကုသမှုခံယူနေရဆဲ ဖြစ်ကြောင်း Nasrat Rahimiက သြဂုတ် ၂၁ရက်တွင် မီဒီယာများအား ပြောကြားခဲ့သည်။

ယခုလ ၁၇ ရက် ညပိုင်းက ကဘူးလ်မြို့ မင်္ဂလာဆောင်အခမ်းအနားတစ်ခုတွင် အသေခံဗုံးခွဲမှုဖြစ်ပွား ရာ လူအမြောက်အမြားသေဆုံးဒဏ်ရာရရခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း အာဖဂန် အိုင်အက်စ်(IS) အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့ခွဲက ထုတ်ဖော် ပြောကြားခဲ့သည်။

ယခုနှစ်ပိုင်းများတွင် အစွန်းရောက် အိုင်အက်စ်(IS) အင်အားစုများ အာဖဂန်တွင် ပြန့်နှံလျက်ရှိရာ အာဖဂန်၏အဓိကလုံခြုံရေးအန္တရာယ်တစ်ခုဖြစ်နေကြောင်း၊ ၎င်းတို့မှာ အရှေ့ပိုင်း Nangarhar ပြည်နယ် နှင့် အရှေ့မြောက်ပိုင်း Badakhshan ပြည်နယ်၏အချို့ဒေသများတွင် လှုပ်ရှားမှုများပြား ကာ အရပ်သားများကို ဦးတည်တိုက်ခိုက်လေ့ပြီး တာလီဘန်တို့နှင့် အင်အားပြိုင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.