Connect with us

Africa & Middle East

အာဖဂန်နစ္စတန် နိုင်ငံ ရှိ ဗလီ တစ်ခု တိုက်ခိုက်ခံရမှု ဖြစ်ပွား လူပေါင်း ၂၉ ဦး သေဆုံး ၆၄ ဦး ဒဏ်ရာရရှိ


ကဘူးလ် ၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ အနောက်ပိုင်း Herat ပြည်နယ် အစိုးရ အရာရှိ တစ်ဦး က Herat မြို့ရှိ ဗလီ တစ်ခု သည် သြဂုတ်လ ၁ ရက်နေ့ ညပိုင်းအချိန်တွင် အစွန်းရောက် အဖွဲ့အစည်း ၏ တိုက်ခိုက်မှု ကို ခံခဲ့ရသဖြင့် လူပေါင်းအနည်းဆုံး ၂၉ ဦး သေဆုံးခဲ့ပြီး ၆၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အခင်းဖြစ်ပွားသည့် နေ့ညပိုင်း၌ အတည်ပြုထုတ်ပြန် ခဲ့သည်။

Herat ပြည်နယ် ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိသူ က ဆင်ဟွာ သတင်းဌာန သို့ ပြောကြားရာတွင် တိုက်ခိုက်မှုသည် ဒေသစံတော်ချိန် ၂၀ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် ဖြစ်ပွား ခဲ့ကြောင်း ပြောကြား ခဲ့သည်။ ထို့ပြင် မျက်မြင်တွေ့ရှိသူ တစ်ဦး မှလည်း သေဆုံးသူ အများစုမှာ ရှီအိုက် (Shia) ဘာသာဝင်များ ဖြစ်ကြကြောင်း ၊ ဒဏ်ရာရရှိသူ အချို့မှာ စိုးရိမ်ရသောကြောင့် သူဆုံးသူ စာရင်း မြင့်တက်လာနိုင်ကြောင်း ဆင်ဟွာ သတင်းဌာန သို့ပြောကြား ခဲ့သည်။

အာဖဂန်နစ္စတန် နိုင်ငံ အနောက်ပိုင်း Herat မြို့ရှိ ဗလီ တစ်ခု သြဂုတ်လ ၁ ရက်နေ့ ၌ တိုက်ခိုက်မှု ခံခဲ့ရစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ အနောက်ပိုင်း Herat မြို့ရှိ ဗလီ တစ်ခု သြဂုတ်လ ၁ ရက်နေ့ ၌ တိုက်ခိုက်မှု ခံခဲ့ရစဉ်(ဆင်ဟွာ)

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ ကနဦး စစ်ဆေးမှု အရ တိုက်ခိုက်မှု တွင် လက်နက်ကိုင် အဖွဲ့ဝင် အနည်းဆုံး ၂ ဦး ပါဝင် ခဲ့ကြောင်း သိရှိရသည်။

တိုက်ခိုက်မှု ဖြစ်ပွား ပြီးနောက်တွင် ရဲတပ်ဖွဲ့မှာ အခင်းဖြစ်ပွားရာ နေရာ ကို ပိတ်ဆို့ခဲ့ပြီး ဆေးရုံ ဝန်ထမ်း များလည်း အလျင်အမြန်ရောက်ရှိလာခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ဒဏ်ရာရရှိသူ အများစု ကို ဆေးရုံ သို့ ပေးဆောင်ပေးခဲ့ပြီး မည်သည့် အဖွဲ့အစည်း မှ တိုက်ခိုက်မှု ဆောင်ရွက်ခဲ့သည်ဟု မကြေညာသေးကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.