Africa & Middle East
အာဖဂန်ပေါက်ကွဲမှုအတွင်း တာလီဘန်အဓိက တပ်မှူးတစ်ဦးအပါအဝင် စစ်သွေးကြွ ၇ ဦး သေဆုံး

ကာလာ-အီး-နော် ၊ အာဖဂန်နစ္စတန် ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း Badghis ပြည်နယ်၏ မြို့တော် ကာလာ-အီး-နော်မြို့(Qala-e-Naw) ၌ ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတစ်ခုအတွင်း တာလီဘန်အဓိကတပ်မှူးတစ်ဦး အပါအဝင် စစ်သွေးကြွ ၇ ဦး သေဆုံးသွားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့် ရှိသူ Naqibullah Amini က ယနေ့( စက်တင်ဘာ ၅ ရက်)တွင် ထုတ်ဖော်ပြောကြားခဲ့သည်။(Xinhua)