Connect with us

Africa & Middle East

အီရန်မြို့တော်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ကရိန်းပြိုကျ၍ အလုပ်သမား ၆ဦးသေဆုံး

အီရန်နိုင်ငံ မြို့တော် တီဟီရန်မြို့ တွင် ဖြစ်ပွားခဲ့သည့် ကရိန်းပြိုကျမှုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တီဟီရန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ မြို့တော် တီဟီရန်မြို့ တွင် စက်တင်ဘာ ၄ ရက် ညနေပိုင်းက ကရိန်းပြိုကျမှုတစ်ခုဖြစ်ပွားခဲ့ရာ ဆောက်လုပ်ရေးအလုပ်သမား ၆ဦးသေဆုံးခဲ့ကြောင်း နိုင်ငံပိုင် IRNA သတင်းဌာန က ဖော်ပြခဲ့သည်။

တီဟီရန်မြို့ အနောက်ဘက် ချစ်ဂါခရိုင် ရှိ အလုပ်သမားများ အလုပ်လုပ်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ယင်းကရိန်းအား တပ်ဆင်ထားခြင်းဖြစ်ကြောင်း တီဟီရန်မြို့ မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူ က IRNA သို့ ပြောကြားခဲ့သည်။

Seyyed Jalal Maleki က ကရိန်းပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို မီးသတ်ဝန်ထမ်းများက ကယ်ဆယ်ပေးနေကြောင်းပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သတင်း၌ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.