Africa & Middle East
အိုမန်စစ်လေယာဉ်တစ်စီး ပုံမှန်လေ့ကျင့်ရေးလုပ်ဆောင်နေစဉ် ပျက်ကျ

ဒိုဟာ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)
အိုမန်စစ်လေယာဉ်တစ်စီးသည် ဧပြီလ ၁ ရက်တွင် ပုံမှန်လေ့ကျင့်ရေးလုပ်ဆောင်နေစဉ် ပျက်ကျခဲ့ရာ လေယာဉ်မောင်းသေဆုံးခဲကြောင်း သိရှိရသည်။
၎င်းသတင်းကို အိုမန်ဆိုရှယ်မီဒီယာများက ကနဦးထုတ်ဖော်ရေးသားပြီးနောက်မကြာမီ အိုမန်ကာကွယ်ရေး ဝန်ကြီးဌာနက ဟုတ်မှန်ကြောင်းအတည်ပြုလိုက်ခဲ့သော်လည်း လေယာဉ်ပျက်ကျသည့်အကြောင်းအရင်းနှင့် ပျက်ကျသည့်လေယာဉ်နံပါတ်စသည်တို့ကို အသေးစိတ်ပြောကြားခဲ့ခြင်းမရှိပေ။(Xinhua)