Connect with us

Africa & Middle East

အာဖရိကသမဂ္ဂစစ်အခြေစိုက်စခန်း ဆိုမာလီယာတွင် တိုက်ခိုက်ခံရသောကြောင့် စစ်သား ၄ ဦး သေဆုံး

ဆိုမာလီယာတွင် ဖြစ်ပွားသော အသေခံဗုံးဖောက်ခွဲမှုတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ရိုဘီ ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

ဆိုမာလီယာနိုင်ငံတောင်ပိုင်းရှိ အာဖရိကသမဂ္ဂစစ်အခြေစိုက်စခန်းတစ်ခုကို အယ်လ်ရှာဘတ် (Al-Shabaab) အစွန်းရောက်အဖွဲ့အစည်းက ဧပြီလ ၁ရက်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး စစ်သား ၄ ဦး သေဆုံး ပြီး ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယူဂန်ဒါစစ်သားများစောင့်ကြပ်သည့် အာဖရိကသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့၏ စစ်အခြေစိုက်စခန်း တစ်ခုတွင် ဧပြီလ ၁ ရက် မနက်ပိုင်းက အသေခံ ကားဗုံးဖောက်ခွဲမှု နှစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ ၎င်းဗုံးဖောက်ခွဲမှု ဖြစ်ပွားပြီးနောက်မကြာမီ လက်နက်ကိုင် ၁၀၀ကျော်က လက်ပစ်ဗုံးများ၊ စက်သေနတ်များဖြင့် စစ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စခန်းအတွင်းရှိ ငြိမ်းချမ်းစစ်သားများကလည်း ချက်ချင်း ပြန်လည်ခုခံ ထိုးစစ် ဆင်ခဲ့ကြောင်း ဆိုမာလီယာစစ်တပ်၏ ပြောရေး ဆိုခွင့်ရှိသူ ဟက်ခ်ဆန်က ဆိုသည်။ယူဂန်ဒါ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ခမီးလ်က ၎င်းတိုက်ခိုက်မှုတွင် ယူဂန်ဒါစစ်သား ၄ ဦး သေဆုံးပြီး အနည်း ဆုံး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် လက်နက်ကိုင် ၂၀ ကျော်ကို သုတ်သင်ရှင်းလင်းပစ်နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဆိုမာလီယာ အယ်လ်ရှာဘတ် (Al-Shabaab) များက ယခုတိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း၊ တိုက်ခိုက်မှုတွင် လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း ကြေညာထားသည်။

ဆိုမာလီယာ အယ်လ်ရှာဘတ် (Al-Shabaab) သည် အယ်လ်ကိုင်ဒါး (Al-Qaeda)နှင့် ဆက်စပ်နေသည့် အစွန်းရောက်အဖွဲ့ဖြစ်ပြီး ယခုနှစ်ပိုင်းများတွင် ဆိုမာလီယာနှင့်၎င်းအနီးတဝိုက်ရှိနိုင်ငံများကို အကြမ်းဖက် တိုက်ခိုက်မှုများလုပ်ဆောင်နေသည်။ ဆိုမာလီအခြေစိုက် အာဖရိကသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့သည် ၎င်းတို့တိုက်ခိုက်ရာ ပစ်မှတ်တစ်ခု ဖြစ်သည်။

အဆိုပါ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့မှာ ဆိုမာလီယာ၏ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်နှင့် ဆိုမာလီယာပြည်သူ လူထုအား လူသားချင်းစာနာထောက်ထားသော ကူညီမှုများပေးရန် အာဖရိကသမဂ္ဂက ၂၀၀၇ ခုနှစ်တွင် ဆိုမာလီယာသို့ စေလွှတ်ထားသော အထူးအဖွဲ့ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.