Africa & Middle East
အီဂျစ် နိုင်ငံ တွင် ကုန်တင်ကား နှင့် ခရီးသည်တင်ကား တိုက်မှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူပေါင်း ၁၀ ဦး သေဆုံး
![အီဂျစ် နိုင်ငံ တွင် ၂၀၁၃ ခုနှစ် ၌ ဖြစ်ပွား ခဲ့သည့် ယာဉ်တိုက်မှု တစ်ခု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)](https://xinhuamyanmar.com/wp-content/uploads/2018/07/images_world_2018_07_13a1.jpg)
ကိုင်ရို ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)
အီဂျစ် နိုင်ငံ တောင်ပိုင်း အလက်ဇန်းဒါ မှ မာထရူ သို့ သွားရောက် သည့် အဝေးပြေး လမ်းမ တွင် ဇူလိုင်လ ၁၂ ရက်နေ့ ၌ ကုန်တင်ကား နှင့် ခရီးသည်တင် ကား တိုက်မှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူပေါင်း ၁၀ ဦး သေဆုံး ခဲ့ပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အီဂျစ် နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန မာထရူ ပြည်နယ် အစိုးရ အရာရှိ တစ်ဦး က ဆင်ဟွာ သတင်းဌာန သို့ ပြောကြားချက်အရ ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သူ နှင့် ဒဏ်ရာရရှိသူ တို့အား အနီးပတ်ဝန်းကျင်ရှိ ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရရှိသူများ အနက် ၄ ဦး မှာ စိုးရိမ်ဖွယ်ရာ ရှိကြောင်း သိရှိရသည်။
အီဂျစ် နိုင်ငံ တွင် ကားလမ်းများ ကာလ ရှည်ကြာစွာ ပြုပြင်ထိန်းသိမ်းမှု မရှိခြင်း နှင့် ယာဉ်မောင်းသူ တို့၏ ပေါ့ဆ ခြင်း တို့ကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွား လေ့ရှိသည်။ အီဂျစ် အစိုးရ ၏ စာရင်းပြုစုချက်အရ ၂၀၁၇ ခုနှစ် တွင် အီဂျစ် နိုင်ငံ ၌ ယာဉ်မတော်တဆမှု ပေါင်း ၁၁,၀၀၀ ကျော် ဖြစ်ပွား ခဲ့ပြီး လူပေါင်း ၃,၇၀၀ သေဆုံး ခဲ့ကာ ၁၄,၀၀၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။(Xinhua)