Africa & Middle East
အီရတ်တွင် ပြန်ပေးဆွဲခံရသည့် အမေရိကန် ၃ ဦး ပြန်လည်လွတ်မြောက်
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)
အီရတ်နိုင်ငံတွင် လွန်ခဲ့သည့်လက ပျောက်ဆုံးကြောင်း ကြေညာထားသည့် အမေရိကန် ၃ ဦးမှာ လွတ်မြောက် လာပြီးဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ဖေဖော်ဝါရီလ ၁၆ ရက် အတည်ပြုပြောကြားလိုက် သည်။
“သူတို့ တစ်ယောက်ချင်းစီ ဘေးအန္တရာယ်ကင်းကင်းနဲ့ လွတ်မြောက်နိုင်အောင် အားထုတ်ကြိုးပမ်းပေးခဲ့တဲ့ အီရတ် အစိုးရ၊ လုံခြုံရေးတပ်ဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနဲ့ ထောက်လှမ်းရေး အဖွဲ့တို့ကို ကျေးဇူးတင်ပါ တယ်” ဟု နိုင်ငံခြားရေးဝန်ကြီး ဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ မာ့ခ်တိုနာက သတင်းထုတ်ပြန်ချက်တွင် ပြောခဲ့သည်။
လွတ်မြောက်လာသည့် အမေရိကန် ၃ ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်းကိုမူ သတင်းထုတ်ပြန်ချက်၌ အသေး စိတ် မဖော်ပြထားပေ။
စစ်ရေးနည်းပြများ အဖြစ်လုပ်ကိုင်နေသော အမေရိကန် ၃ ဦးအား အီရတ် နိုင်ငံ မြို့တော် ဘဂ္ဂဒက် မြို့ ဒိုရာ (Doura) ခရိုင် တောင်ဘက်ရှိ ဘာသာပြန် တစ်ဦး နေထိုင်လျက် ရှိသော နေအိမ်တစ်ခုတွင် ဇန်နယါရီလ ၁၇ ရက်က စစ်ယူနီဖောင်းများ ဝတ်ဆင်ထားသည့် သေနတ်သမား အုပ်စုက ဝင်ရောက် တိုက်ခိုက်ကာ ခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်သည်။(Xinhua)