Connect with us

Africa & Middle East

တူရကီနိုင်ငံ မြို့တော် ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်၍ သံသယရှိသူ ၁၄ ဦးအား ထိန်းသိမ်း

တူရကီနိုင်ငံ မြို့တော် အန်ကာရာတွင် ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့များ ရောက်ရှိလာစဉ် (ဆင်ဟွာ)

အန်ကာရာ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ မြို့တော် အန်ကာရာတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ကားဗုံး ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၂၈ ဦး သေဆုံးပြီး ၆၁ ဦး ဒဏ်ရာ ရရှိခဲ့ကာ ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်၍ သံသယရှိသူ ၁၄ ဦးအား ထိန်းသိမ်း ထားကြောင်း ပြည်ထဲရေးဝန်ကြီး Efkan Ala က ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပြောကြား ခဲ့သည်။

တူရကီသမ္မတ Recep Tayyip Erdogan က ဗုံးပေါက်ကွဲမှု အား ဆီးရီးယားရှိ တရားမဝင် အသင်းများ ဖြစ်သည့် ကာ့ဒ်အလုပ်သမား ပါတီ (PKK) နှင့် ပြည်သူ့ ကာကွယ်ရေးတပ် (YPG) များက နောက်ကွယ်မှ ကြိုးကိုင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး အန်ကာရာမြို့ အလယ်ပိုင်းရှိ တူရကီ စစ်တပ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။

PKK နှင့် YPG တို့သည် ဗုံးပေါက်ကွဲမှု နှင့်ပတ်သက်၍ ငြင်းဆိုခဲ့သော်လည်း ပြည်ထဲရေးဝန်ကြီး ဌာနနှင့် ထောက်လှမ်းရေး ဖက်မှ ရရှိသည့် သတင်း အချက်အလက်များ အရ တိုက်ခိုက်မှု နောက်ကွယ်တွင် ၎င်းတို့ရှိနေကြောင်း Erdogan က ပြောကြား ခဲ့သည်။

YPG သည် PYD ၏ လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်ပြီး PYD သည် PKK နှင့် ဆက်စပ်လျက် ရှိသည်ဟု တူရကီဖက်မှ ယုံကြည်ထားကြောင်း သိရသည်။

တူရကီ စစ်တပ်သည် အန်ကာရာ၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နှောင်းပိုင်းတွင် အီရတ်နိုင်ငံ မြောက်ပိုင်းရှိ PKK စခန်းအား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117