Connect with us

Africa & Middle East

အီရတ်၏ ခွင့်ပြုချက် မရဘဲ စစ်ဆင်ရေးဝင်ရောက်ပြုလုပ်မည်မဟုတ်ကြောင်း တူရကီ ကတိပေးပြောကြား

တူရကီနိုင်ငံ ဝန်ကြီးချုပ် Binali Yildirim အားတွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံသည် အီရတ်အစိုးရထံမှ ခွင့်ပြုချက်မရရှိဘဲ အီရတ်နိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးဆောင်ရွက်သွားမည်မဟုတ်ကြောင်း တူရကီက အာမခံပြောကြားခဲ့သည်ဟု အီရတ်ဝန်ကြီးချုပ် ရုံးက မတ် ၂၇ရက်တွင်ပြောကြားခဲ့သည်။

အီရတ်နိုင်ငံ ဝန်ကြီးချုပ် Haider al-Abadi သည် တူရကီနိုင်ငံ ဝန်ကြီးချုပ် Binali Yildirim နှင့် မတ် ၂၆ ရက် နှောင်းပိုင်းတွင် တယ်လီဖုန်းပြောဆိုမှုရှိခဲ့ပြီး တူရကီဝန်ကြီးချုပ် က အီရတ်အစိုးရ ၏ သဘောတူညီချက်မရှိဘဲ အီရတ်နိုင်ငံမြောက်ပိုင်းအတွင်း မည်သည့် စစ်ဆင်ရေးကိုမျှလုပ်ဆောင်သွားမည်မဟုတ်ကြောင်း ကတိပြုပြောကြားခဲ့သည်။

Yidirim က အီရတ်နိုင်ငံ မြောက်ပိုင်း တွင် နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးများ နှင့် ပတ်သက်၍ အီရတ် နှင့် တူရကီ အကြား မည်သည့် သဘောတူညီချက်များမျှမရှိကြောင်းကိုလည်း ငြင်းဆန်ခဲ့သည်။

တူရကီနိုင်ငံသည် အီရတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်စိုးမှုကို လေးစားပါကြောင်း၊ အီရတ်နိုင်ငံ၏ ပိုင်နက်နယ်မြေကို ထိခိုက်စေမည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်သွားမည်မဟုတ်ကြောင်း တူရကီနိုင်ငံ ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။

အီရတ်ဝန်ကြီးချုပ် Abadi က အီရတ်တပ်ဖွဲ့ဝင်များသည် တူရကီနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဧရိယာများအပါအဝင် အီရတ်နိုင်ငံ၏ ပိုင်နက်နယ်မြေအား အပြည့်အဝ ထိန်းချုပ်ထားကြောင်း နှင့် နယ်စပ်လိုင်းမှ ဖြတ်ကျော်လာသော ပြည်ပမှ စစ်သွေးကြွများကို ကာကွယ်သွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

တူရကီနိုင်ငံ သမ္မတ Recep Tayyip Erdogan က ကာ့ဒ်အလုပ်သမားများပါတီ (PKK) မှ စစ်သွေးကြွများရှိရာ အီရတ် ကာ့ဒ် နယ်မြေဖြစ်သော တောင်တန်းဧရိယာ နှင့် မိုဆူးလ်မြို့ အနောက်ဘက် ၇၀ကီလိုမီတာအကွာရှိ Sinjar ဒေသတို့တွင် ရှင်းလင်းရေးလုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း မတ် ၂၅ရက်တွင် ကြေညာခဲ့ပြီးနောက် ယင်းဖုန်းခေါ်ဆိုမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

တူရကီတပ်ဖွဲ့ဝင်များသည် PKK စစ်သွေးကြွများ၏ အဓိကစခန်းဖြစ်သော Qandil တောင်တန်းဒေသကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ နှင့် ဗုံးကြဲမှုများကို မကြာခဏပြုလုပ်လေ့ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.