Connect with us

Africa & Middle East

ယူဂန်ဒါ နိုင်ငံ အစိုးရ အား ဆန့်ကျင်တိုက်ခိုက်သည့် လက်နက်ကိုင် အဖွဲ့အစည်း က ကွန်ဂို နိုင်ငံ အရှေ့ပိုင်း ဒေသ အား တိုက်ခိုက်ခဲ့ရာ လူပေါင်း ၁၀ ဦး သေဆုံး

ကွန်ဂို နိုင်ငံ ရှိ ကုလသမဂ္ဂ လုံခြုံမှု ထိန်းသိမ်းရေး တပ်ဖွဲ့ များ လုံခြုံရေး ဆောင်ရွက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကင်ရှာဆာ ၊ မတ်လ ၂၉ ရက် (ဆင်ဟွာ)

ကွန်ဂို နိုင်ငံ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ က ယူဂန်ဒါ နိုင်ငံ အစိုးရ အား ဆန့်ကျင် တိုက်ခိုက်သည့် လက်နက်ကိုင် အဖွဲ့အစည်း တစ်ဖွဲ့ က မတ်လ ၂၇ ရက်နေ့ ညပိုင်းအချိန်တွင် ကွန်ဂို နိုင်ငံ အရှေ့ပိုင်း ဒေသ အား တိုက်ခိုက်မှု ဆောင်ရွက်ခဲ့သောကြောင့် လူပေါင်း ၁၀ ဦး သေဆုံး စေခဲ့ကြောင်း အတည်ပြု ပြောကြား ခဲသည်။

ပြောရေးဆိုခွင့်ရှိသူ က ယူဂန်ဒါ “ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်” လက်နက်ကိုင် အဖွဲ့အစည်း က မတ်လ ၂၇ ရက်နေ့ ညပိုင်းအချိန်တွင် ကွန်ဂို နိုင်ငံ North Kivu ပြည်နယ် Beni ဒေသ ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အရပ်သား အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ရပြီး လူအများ ဒဏ်ရာရရှိစေခဲ့ကြောင်း ၊ တိုက်ခိုက်မှု ဖြစ်ပွား ပြီးနောက်တွင် ကွန်ဂို နိုင်ငံ လုံခြုံရေး တပ်ဖွဲ့ နှင့် ကုလသမဂ္ဂ လုံခြုံမှု ထိန်းသိမ်းရေး တပ်ဖွဲ့ တို့က တိုက်ခိုက်မှု ဖြစ်ပွားရာ နေရာ သို့ သွားရောက်ခဲ့ပြီး လက်နက်ကိုင် အဖွဲ့အစည်း ကို ထွက်ခွာရန် တိုက်ခိုက်မှု ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ယူဂန်ဒါ “ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်” လက်နက်ကိုင် အဖွဲ့အစည်း က Al-Qaeda အဖွဲ့အစည်း နှင့် အဆက်အသွယ် ရှိသည် ဟု ယူဆရသည့် အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး ၁၉၉၀ ခုနှစ် နောက်ပိုင်းတွင် ယူဂန်ဒါ အစိုးရ တပ်ဖွဲ့ နှင့် တိုက်ခိုက်ရာ ရှုံးနိမ့် ခဲ့ပြီးနောက်တွင် ကွန်ဂို နိုင်ငံ အရှေ့ပိုင်း ဒေသတွင် အခြေချ ခဲ့ပြီး ယူဂန်ဒါ အစိုးရ တပ်ဖွဲ့ ၊ ဒေသတွင်း ပြည်သူလူထု ၊ ကွန်ဂို နိုင်ငံ လုံခြုံရေး တပ်ဖွဲ့ နှင့် ကုလသမဂ္ဂ လုံခြုံမှု ထိန်းသိမ်းရေး တပ်ဖွဲ့ တို့ကို တိုက်ခိုက်မှုများ မကြာခဏ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ယခင်နှစ် ဒီဇင်ဘာလပိုင်းတွင် ယင်း လက်နက်ကိုင် အဖွဲ့အစည်း က ကုလသမဂ္ဂ လုံခြုံမှု ထိန်းသိမ်းရေး တပ်ဖွဲ့ ကို တိုက်ခိုက်မှုဆောင်ရွက်ခဲ့ရာ လူပေါင်း ၁၅ ဦး သေဆုံးခဲ့ပြီး လုံခြုံမှု ထိန်းသိမ်းရေး တပ်ဖွဲ့ ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.