Africa & Middle East
ကင်မရွန်း နိုင်ငံ အနောက်ပိုင်းတွင် ခရီးသည်တင်ယာဉ် တစ်စင်း ချောက်ထဲကျ လူပေါင်း ၂၁ ဦး သေဆုံး

ရိုအန်ဒီ ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)
ကင်မရွန်း နိုင်ငံပိုင် ရုပ်သံဌာန ၏ သတင်းထုတ်ပြန်ချက် အရ ဇန်နဝါရီ ၁၃ ရက်နေ့ ညပိုင်း တွင် နိုင်ငံ အနောက်ပိုင်း ဒေသ ၌ ဆိုးရွား သည့် ယာဉ်မတော်တဆမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၂၁ ဦး သေဆုံးခဲ့ကြောင်း ဖေါ်ပြခဲ့သည်။
သတင်းထုတ်ပြန်ချက်တွင် ခရီးသည် ၆၃ ဦး တင်ဆောင်ထားသည့် ယာဉ်တစ်စင်းသည် ၁၃ ရက်နေ့ ဒေသစံတော်ချိန် ည ၁၀ နာရီ ခန့်တွင် ဘရိတ်ပေါက်ပြီး အရှိန်ထိန်းချုပ် နိုင်ခြင်း မရှိတော့ဘဲ ချောက်ထဲ ကျခဲ့ရာ လူပေါင်း ၂၁ ဦး သေဆုံးခဲ့ကြောင်း ၊ ထို့ပြင်အခြား ၃၈ ဦးဒဏ်ရာရရှိပြီး အချို့မှာ ဒဏ်ရာလွန်စွာ ပြင်းထန်ကြောင်း ပါဝင်ခဲ့သည်။
ထို့ပြင် သတင်း ထုတ်ပြန်ချက်တွင် ခရီးသည် တင်ဆောင်လာသည့်ကား မှာ တရားမဝင် ခရီးသည် ပို့ဆောင်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်း ဖြစ်သောကြောင့် ခရီးသည် စာရင်း အချက်လက် ကောက်ယူထားခြင်း မရှိသဖြင့် သေဆုံးသူ တို့၏ အချက်အလက် များကို သိရှိနိုင်ခြင်း မရှိသေးကြောင်း ဖေါ်ပြထားသည်။(Xinhua)