Connect with us

Africa & Middle East

လေကြောင်း ဗုံးကျဲ တိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်း ရှိ IS အစွန်းရောက် လက်နက်ကိုင် အဖွဲ့အစည်း အဖွဲ့ဝင် ၁၇ ဦး သေဆုံး

အာဖဂန်နစ္စတန် နိုင်ငံ အစိုးရ တပ်ဖွဲ့ က IS အစွန်းရောက် တပ်ဖွဲ့ ကို တိုက်ခိုက်နေစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ယခုရက်ပိုင်း အတွင်း အစိုးရ တပ်ဖွဲ့ ၏ လေကြောင်း ဗုံးကျဲ တိုက်ခိုက်မှု ကြောင့် နိုင်ငံ အရှေ့ပိုင်း Nangarhar ပြည်နယ် တွင် ပုန်းခိုနေသည့် IS အစွန်းရောက် အဖွဲ့ဝင် အနည်းဆုံး ၁၇ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။

Nangarhar ပြည်နယ် ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်တွင် ယခု အကြိမ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် အစွန်းရောက် အဖွဲ့ဝင် အများစုမှာ ပြည်ပနိုင်ငံများမှာ အဖွဲ့ဝင်များ ဖြစ်ကြောင်း ၊ ဗုံးကျဲတိုက်ခိုက်မှုကြောင့် IS အစွန်းရောက် အဖွဲ့အစည်း ၏ လက်နက်ခဲယမ်းများကိုလည်း ဖျက်ဆီး နိုင်ခဲ့ကြောင်း ပါဝင်ခဲ့သည်။

ဒေသတွင်း သတင်းအရင်းအမြစ် တစ်ဦး၏ ဆင်ဟွာ သတင်းဌာနသို့ ပြောကြားချက်အရ လေကြောင်း ဗုံးကျဲ တိုက်ခိုက်ခဲ့သည့် နေရာများတွင် အစိုးရ ၏ ထိန်းချုပ်နိုင်စွမ်း မှာ အကန့်အသတ်ရှိနေပြီး လုံခြုံရေး ခြိမ်းခြောက်မှု ကျန်ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် မှ စတင်၍ IS အစွန်းရောက် အဖွဲ့အစည်း က Nangarhar ပြည်နယ် သို့ အဆက်မပြတ် ဝင်ရောက် လာခဲ့ပြီး တက်ကြွစွာ လှုပ်ရှား နေခဲ့သည်။ ဒေသတွင်း မီဒီယာ များ၏ မှန်းဆချက်အရ လက်ရှိချိန်တွင် အာဖဂန်နစ္စတန် နိုင်ငံ ပြည်တွင်း IS အစွန်းရောက် အဖွဲ့ဝင် ပေါင်း တစ်သောင်းကျော် ရှိနေပြီး ၎င်းတို့အနက် အချို့ မှာ အီရတ် နှင့် ဆီးရီးယား မှ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.