Africa & Middle East
ကာတာနိုင်ငံ နှင့် အီတလီနိုင်ငံတို့ ကာကွယ်ရေးပိုင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်ဆွေးနွေး
ဒိုဟာ၊ မတ် ၂၇ ရက် (ဆင်ဟွာ)
ကာတာနိုင်ငံ ၏ ကာကွယ်ရေးဝန်ကြီး ခလဒ်စ်အယ်လ်အတိရက်ခ် (Khalid Al Attiyah) သည် ကာတာနိုင်ငံသို့ရောက်ရှိနေသည့် အီတလီနိုင်ငံ ကာကွယ်ရေးဝန်ကြီး အယ်လီစဘက်တာထရန်တာ(Elisabetta Trenta) နှင့် စစ်ရေး ၊ ကာကွယ်ရေးတွင် နှစ်နိုင်ငံ ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက် ရန် မတ်လ ၂၆ ရက်နေ့က ဆွေးနွေးခဲ့ကြောင်းသိရသည်။
ကာတာနိုင်ငံသို့ တရားဝင်အလည်အပတ်ရောက်ရှိနေသော Trenta နှင့် ၎င်း၏ ကိုယ်စားလှယ်အဖွဲ့အား ကာကွယ်ရေးဝန်ကြီးဌာန တွင် Attiyahက လက်ခံတွေ့ဆုံခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရသိရသည်။
ဒေသတွင်း နှင့် နိုင်ငံတကာဖွံံ့ဖြိုးတိုးတက်မှုများ ၏နောက်ဆုံးအခြေအနေများ နှင့် ပတ်သက်၍ နှစ် ဖက်ဆွေးနွေးခဲ့ကြောင်း ၊သို့သော် အသေးစိတ်မသိရှိရကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ကာတာနိုင်ငံ ၏ လက်နက်ကိုင်တပ်ဖွဲ့များပိုမိုအားကောင်းလာစေရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ကာတာနိုင်ငံ နှင့် အီတလီနိုင်ငံတို့သည် လုံခြုံရေး နှင့် ကာကွယ်ရေးနယ်ပယ်များတွင် ရင်းနှီးသောဆက်ဆံရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြသည်။ (Xinhua)