Connect with us

Africa & Middle East

ဂါဇာကမ်းမြောင်မှ အစ္စရေးသို့ တိုက်ခိုက်မှု မရပ်လျှင် လေကြောင်းတိုက်ခိုက်မှုဆက်လုပ်မည်ဟု အစ္စရေးနိုင်ငံသံအမတ်ပြော

အစ္စရေး နိုင်ငံ တိုက်လေယာဉ် များက ဂါဇာ ဒေသ အတွင်း ဆောင်ရွက် ခဲ့သည့် ဗုံးကြဲ တိုက်ခိုက်မှု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ၊ မတ် ၂၇ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးနိုင်ငံအား တိုက်ခိုက်မှုများ မရပ်တန့်လျှင် အစ္စရေးနိုင်ငံအနေဖြင့် လေကြောင်းတိုက်ခိုက်မှု ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း အစ္စရေးသံအမတ်ကြီးက ကုလသမဂ္ဂတွင် မတ် ၂၆ ရက်က ပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံ အလယ်ပိုင်း နေအိမ်တစ်လုံးအား မတ် ၂၅ ရက် အစောပိုင်းက ဂါဇာကမ်းမြှောင်မဗ ဟားမားစ်တို့၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှု ထိမှန်ကာ လူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် အစ္စရေးက ထို့နေ့တွင်ပင် ဂါဇာရှိ ဟားမားစ်ပစ်မှတ်များကို လေကြောင်းမှ တိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဒဏ်ရာရရှိသူများတွင် ကလေးနှစ်ဦး၊ မွေးကာစ ကလေးငယ်တစ်ဦးနှင့် အဖွားဖြစ်သူတို့ ပါဝင်ကြောင်း အစ္စရေး သံအမတ် Danny Danonက သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

“ အမှားမပြုလုပ်ပါနဲ့၊ ကျွန်ပ်တို့ ကလေးတွေကို ဟားမားစ်အဖွဲ့အစည်းရဲ့ ပစ်မှတ်ဖြစ်လာတာကို လုံး၀ လက်ခံမည်မဟုတ်၊ကျွန်တော်တို့ ပြည်သူ့ကို ကျွန်တော်တို့ ကာကွယ်စောင့်ရှောက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်၊ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုများ ဆက်ပြုလုပ်လျှင် ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးကာကွယ်ရေး တပ်များက ဂါဇာ၏ ဥမင်လိုဏ်ခေါင်းများအတွင်း မြေမြှုပ် သြင်္ဂ ိုလ်သာ ခံစားရမယ်”ဟု Danonက ပြောသည်။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahuသည် အမေရိကန်ပြည်ထောင်စုမှ အစ္စရေးသို့ ပြန်လည်ရောက်ရှိလာခဲ့ကာ စစ်ရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဝန်ကြီးချုပ် Netanyahuအနေဖြင့် မတ် ၂၅ ရက်တွင် ဟားမားစ်တို့၏ ဒုံးပျံတိုက်ခိုက်မှုကြောင့် ဝါရှင်တန်ခရီးစဉ်ကို ဖြတ်တောက်ခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117