Africa & Middle East
ကုလသမဂ္ဂ အကြီးအကဲဟောင်း ကိုဖီအာနန် ကွယ်လွန်

အက်ခ်ရာ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် (Kofi Annan) သည် သြဂုတ်လ ၁၈ ရက်က ဆွစ်ဇာလန်နိုင်ငံရှိ ဆေးရုံ၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း ဂါနာနိုင်ငံ မီဒီယာများစွာက အတည်ပြု သတင်းရေးသားထားသည်။
၎င်းသည် အသက် ၈၀ နှစ်ရှိပြီဖြစ်ကြောင်း၊ သေဆုံးရသည့်အကြောင်းရင်းအား မသိရှိရသေးကြောင်း သိရသည်။ (Xinhua)