Connect with us

Africa & Middle East

ဆော်ဒီအာဏာပိုင်များက မက္ကာမြို့ရေကြီးရေလျှံမှုဖြစ်ပွားနိုင်ကြောင်း သတိပေးထား

ဆော်ဒီအာရေးဗီးယားနိုင်ငံ၌ မက္ကာမြို့ အားတွေ့ ရစဉ်(ဆင်ဟွာ)

ရီယာ့ဒ် ၊ သြဂုတ် ၂ဝ ရက် (ဆင်ဟွာ)

ပြင်းထန်သော လျှပ်စီးတိမ်တောင်များနှင့် မိုးသည်းထန်စွာရွာသွန်းခြင်း တို့ကြောင့် မက္ကာမြို့တော်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနိုင်ချေရှိကြောင်း ဆော်ဒီအာရေးဗီးယားနိုင်ငံ မိုလေဝသဌာနက သြဂုတ် ၁၉ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်ဟု Al Akhbariya ဒေသတွင်းရုပ်သံက သတင်းဖော်ပြခဲ့သည်။

မတည်ငြိမ်သော ရာသီဥတုအခြေအနေကြောင့် မက္ကာ၊ မင်းနာ(Minna) နှင့် အရာဖက်(Arafat) မြို့များတွင် ယနေ့ညပိုင်း၌ မိုးအဆက်မပြတ်ရွာသွန်းနိုင်ဖွယ်ရှိကြောင်း မိုးဇလအာဏာပိုင်များက ခန့်မှန်းထားကြသည်။မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပေါ်နေစဉ်အတွင်း မင်းနာမြို့၌ ဘုရားဖူး နှစ်သန်းခန့်သည် Tarwiyah ရွတ်ဖတ်ပွဲနေ့ကျင်းပနေချိန်ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၂ဝ ရက် နံနက်ပိုင်းတွင် Arafat ဒေသမှ ထွက်ခွာကြမည့် ဘုရားဖူးခရီးသွားများ၏ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်ဖွယ်ရှိသည်ဟု သတိပေးချက် ထုတ်ပြန်ထားခြင်းမရှိသေးပေ။သြဂုတ် ၁၉ ရက် ညနေပိုင်းက လေပြင်းများ တိုက်ခတ်သောကြောင့် မွတ်စလင်ဘာသာဝင်များ အထွဋ်အမြတ်ထားရာ မက္ကာမြို့တော်ရှိ ဘာသာရေးအဆောက်အအုံအား ရစ်ပတ်ထားသော ရွှေချည်ထိုး အဝတ်ပိတ်အုပ်ကြီးကို ဖယ်ရှားခဲ့ကြောင်း ဒေသတွင်း Al Arabiya ရုပ်သံ နှင့် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ဖော်ပြခဲ့ကြသည်။ဟာ့ဂျ်(Jajj) ဘုရားဖူးရာသီအတွင်း ဆော်ဒီအာရေးဗီးယားနိုင်ငံ၌ လုံခြုံရေးကို တင်းကြပ်စွာချထားပြီး ဘုရားဖူးများ စိတ်အေးချမ်းသာစွာ ဝတ်ပြုနိုင်ရန် လုံခြုံရေးအဆင့်အတန်းကို တိုးမြှင့်ထားကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117