Africa & Middle East
ကူဝိတ်နိုင်ငံ ၌ ၂၀၁၇ခုနှစ် တွင် လမ်းမတော်တဆမှုပေါင်း ၇၀,၀၀၀ ကျော် ရှိခဲ့
ကူဝိတ်စီးတီး၊ မေ ၄ရက် (ဆင်ဟွာ)
ကူဝိတ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန က ကူဝိတ်နိုင်ငံ ၌ ၂၀၁၇ခုနှစ်တွင် လမ်းမတော်တဆမှုပေါင်း ၇၀,၆၈၇ခု ဖြစ်ပွားခဲ့ပြီး ယင်းမတော်တဆမှုများ နှင့် ဆက်စပ်၍ လူ ၄၂၈ဦး သေဆုံးခဲ့ကြောင်း မေ ၃ရက် တွင် ပြောကြားခဲ့သည်။
ဝန်ကြီးဌာန၏ ယာယီပြောရေးဆိုခွင့်ရှိသူ အကြီးအကဲ Tawheed Al-Kanderi က မေ ၄ရက်တွင် စတင်မည့် အာရပ်ယာဉ်အန္တရာယ်အသိပညာပေးရေး ရက်သတ္တပတ် မတိုင်ခင် ယင်းကိန်းဂဏန်းများကို ကြေညာခဲ့ခြင်းဖြစ်သည်။
ယာဉ်အန္တရာယ်အသိပညာပေးရေး သည် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ နှင့် လမ်းအန္တရာယ်ကင်းရှင်းရေး ညွှန်ကြားချက်များကို လိုက်နာရန် အရေးကြီးကြောင်း မော်တော်ယာဉ်မောင်းနှင်သူများအား သတိပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
Al-Kanderiက က ယာဉ်စည်းကမ်းချိုးဖောက်မှုများ နှင့် ပတ်သက်၍ ပြောကြားရာတွင် ကားမောင်းစဉ် မိုဘိုင်းဖုန်းများ အသုံးပြုခြင်းမပြုရန် သတိပေးခဲ့ပြီး ယင်းသည် လူသေဆုံးစေသော ယာဉ်မတော်တဆမှုများ ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်းက ကူဝိတ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ၏ မီဒီယာဌာန သည် ယင်းရက်သတ္တပတ်တစ်ခုလုံး ပူးပေါင်းဆောင်ရွက်မှုဖြင့် အိမ်နီးချင်းအာရပ်ဒေသများ နှင့် ချိတ်ဆက်ဆောင်ရွက်သွားရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
ယင်းလှုပ်ရှားမှုအတွင်း စာအုပ်ငယ်များ၊ စာရွက်များအား ပြည်သူများထံ ဖြန့်ဝေပေးခြင်း၊ ပြည်သူများ နှင့် လူမှုမီဒီယာပလက်ဖောင်းများအတွက် အများပြည်သူဆိုင်ရာ ကြေညာချက်များစွာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)